အပိုင်း ၃၈

3.6K 463 3
                                    

Unicode

- ယန်ရွှမ့်အမေ ကျင်ယာကျန်းနှင့် ရန်သတ်ခြင်း

ကျင်ယာကျန်း ရှရှီပေ အကြည့်ကြောင့် ပိုပြီး ပျာယာခတ်သွားတယ်

ရှရှီပေ ဒီနေ့တော်တော် ထူးဆန်းနေတယ်

သူမက အရင်တုန်းက လှည့်စားရလွယ်ပြီး အနိုင်ကျင့်ဖို့ လွယ်လွန်းတယ် သူမက လုံးဝ အခြားတစ်ယောက်အဖြစ်ပြောင်းလဲသွားသလိုဘဲ.....

ဒါပေမယ့်သူမမှာ ရှရှီပေရဲ့ ပြောင်းလဲမှုတွေအပေါ် စွဲလမ်းနေဖို့ စိတ်ကူးမရှိဘူး ဘာလို့လဲ ဆိုတော့ အတန်းပြီးတော့ သူမက ယန်ရွှမ့်အမေရဲ့ ကျောင်းပေါက်ဝထိ ဆွဲ‌ခေါ်ခြင်း‌ခံလိုက်ရလို့ဘဲ

"နင်က ငါတို့ ရွှမ်ရွှမ်ကို လှည့်စားတဲ့ ကောင်မလေးလား?"

ယန်ရွှမ့်အမေက အရပ်အရမ်းမရှည်ဘူး ပြီးတော့ ကြံ့ခိုင်သန်မာမနေဘူး ဒါပေမယ့် သူမက သူမလက်ထဲက ကြက်ပေါက်စလေးလို ဖြစ်နေတဲ့ ကျင်ယာကျန်းထက်တော့ အားပိုသန်တယ်

"ရှင်က ဘယ်သူလဲ?" ကျင်ယာကျန်း ရုတ်တရက် ဆွဲခေါ်ခံရတာကြောင့် ရှော့ရသွားပြီး လွတ်ဖို့ ရုန်းနေတယ် ဒါပေမယ့် သူမ မိန်းမအိုကြီး လက်ထဲက မရုန်းနိုင်ဘူး

"ငါက ယန်ရွှမ့်အမေ!" ယန်ရွှမ့်အမေ သူမကို ကြမ်းကြုတ်ရက်စက်သည့် အကြည့်ဖြင့် ကြည့်ပြီး ပြောလိုက်တယ် "နင်က ကျင်ယာကျန်းမလား ဟုတ်တယ်မလား? နင်က ရွှမ်ရွှမ်ရဲ့ ပိုက်ဆံနဲ့ ခံစားချက်တွေကို လိမ်နေတာ! နင့်လို ခွေးမက ကျောင်းသွားဖို့တောင် လိုလို့လား? ကိုယ့်ဘာကို ဘာလို့ ရောင်းမစားရတာလဲ ဟမ်? အင်း နင့်စိတ်နဲ့ ရုပ်ရည်ကတော့ မဆိုးပါဘူး...."

ယန်ရွှမ့်အမေက ကျင်ယာကျန်းကို ကိုင်ထားပြီး အဲ့လို စကားတွေကို အော်ဟစ် ပြောဆိုလိုက်တယ် ယွမ် နှစ်သောင်းကို ရင်နာနာနဲ့ ပေးလိုက်ရတာက သူမ စိတ်ကို မထိန်းနိုင်မသိမ်းနိုင် ဖြစ်စေတယ်

အခြားလူတွေက ဒီ သက်လတ်အရွယ် မိန်းမကြီးရဲ့ လုပ်ရပ်တွေကြောင့် လန့်သွားပြီး ဒုက္ခရောက်နေတဲ့သူကို ကယ်ဖို့ အပြေးသွားကြတယ်

"ခင်ဗျား ဘာလုပ်နေတာလဲ ကျင်ယာကျန်းကို အခုချက်ချင်း လွှတ်လိုက်!"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now