အပိုင်း ၄၈

3.5K 464 6
                                    

Unicode

-ဂြိုလ်ဆိုး

လျိုကျီကျင်းရဲ့ ဒေါသတွေက ရှရှီပေရဲ့ တည်ငြိမ်နေတဲ့ အမူအရာတွေကို မြင်တော့ တလိမ့်လိမ့်တက်လာတယ်

မိဘတွေ ဂရုမစိုက် အချစ်မခံရတဲ့ လူကများ ဘာတွေ အဲ့လောက် ဂုဏ်မောက်နေတာလဲ? သူမမှာ လှပတဲ့ မျက်နှာကြည့်တော့ ဘာဖြစ်လဲ? သူမမှာ အစွမ်းအစရှိလို့လား? သူမမှာ အင်အား ရှိလို့လား? ဖျော်ဖြေရေး လောကရဲ့ ဖိအားတွေနဲ့ အကျင့်ပျက်မှုတွေကို သူမ ဖြေရှင်းနိုင်လို့လား?

ရှရှီပေက လျိုကျီကျင်းရဲ့ ယုတ်မာတဲ့အပြုံးကြောင့် လုံးလုံး ဒေါသမထွက်ဘူး။

ပြောရရင် သူတို့က တစ်နည်းနည်းနဲ့ ဆက်နွယ်နေတယ်။

လျိုကျီကျင်းအဖေက ရှရှီဖေ အဖေရဲ့ လက်ရှိမိန်းမရဲ့ အကိုကြီး ‌သဘောကတော့ ရှစုန့်ဟိုင်က လျိုကျီကျင်းရဲ့ အန်ကယ်ပေါ့။ (အရှေ့ပိုင်းတွေမှာ ရှရှီပေ အဖေကို ရှရှဟိုင်လို့ ရေးထားလို့ အဲ့တိုင်းဘဲ ပြန်လိုက်တာ အခုတော့ သူမအဖေက ရှစုန့်ဟိုင်လို့ ရေးထားလို့ အဲ့အတိုင်းဘဲ ပြန်လိုက်ပါတယ်)

သူတို့နှစ်ယောက်က ရှစုန့်ဟိုင် လက်ထပ်ပွဲတုန်းက တစ်ယောက်နဲ့ တစ်‌ေယာက်မြင်ဖူးကြတယ်။ အဲ့တုန်းက သူတို့က အရမ်းငယ်သေးတယ်။ သူတို့ အထက်တန်းရောက်တဲ့ အထိ အဆက်အသွယ် မရှိကြဘူး  ဒါပေမယ့် လျိုကျီကျင်းက ရှရှီပေကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။

အတိတ်တုန်းက လျိုကျီကျင်းက ရှရှီပေက သိမ်နုပ်ပြီး အနိုင်ကျင့်ရလွယ်တယ်လို့ ခံစားမိတယ်။ သူမအဒေါ်က ရှရှီပေရဲ့ တည်ရှိနေမှုကို အမြဲတမ်း မုန်းနေခဲ့တာ။ ဒါကြောင့် လျိုကျီကျင်းကလည်း သူမကို မုန်းတီးတယ်။

သူတို့ကြားမှာ မသိနိုင်တဲ့ ဆက်သွယ်မှုနောက်တစ်ခု ရှိသေးတယ်။

အကုန်ပေါင်းလိုက်ရင် လျိုကျီကျင်းက ရှရှီပေ ဖန်းယန်ဆီက အလေးပေးခံရတာကို မနှစ်သက်ဘူး။

"တစ်ချို့လူတွေက သူတို့ ငယ်ငယ်လေးကတည်းက မိဘတွေက ဝန်ထုပ်ဝန်ပိုးတစ်ခုလို အဆက်အဆံခံခဲ့ရတာ အဲ့လိုလူမျိုးကို ငါ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး!"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now