အပိုင်း ၈၅

2.7K 311 1
                                    

Unicode

- ချောက်ချခြင်း(၂)

နောက်ဆုံး အတန်းက ကာယအတန်းဖြစ်ပြီး အခန်း ၃နဲ့ အခန်း ၅က တူတူအတန်းတက်ရတယ်။

အခန်းနှစ်ခန်းပေါင်းပြီး ကွင်းပြင်မှာ စုနေကြတယ်။ သူတို့က အရမ်းမဝေးဘဲ တစ်ယောက်အခြေအနေ တစ်ယောက် မြင်ရတယ်။

အုပ်စုက လူခွဲသွားတော့ လျိုကျီကျင်းနဲ့ ထောင်ယွယ်ယင်းက တစ်ယောက်ကို တစ်ယောက် မျက်စ ပစ်ပြလိုက်တယ်။

ထောင်ယွယ်ယင်း ခေါင်းငြိမ့်လိုက်ပြီးနောက် ရှရှီပေနောက်ကို ငြိမ်ငြိမ်လေး လိုက်သွားတယ်။

ရှရှီပေက သူမအခန်းကို သူမပြန်တော့မလို့။ သူမက အရင်က ဘာသိဘာသာနေတတ်ပြီး ဘယ်ကျောင်းသားနဲ့မှ မရင်းနှီးဘူး။ သူမက အခု ဘာသိဘာသာ မဟုတ်တော့ပေမယ့် သူတို့နဲ့ ရင်းရင်းနှီးနှီးနေဖို့ စိတ်ကူးမရှိ။

ဘာဘဲဖြစ်ဖြစ် ကာယအတန်းက မဖြစ်မနေတက်ရမယ့် အတန်းမဟုတ်တာကြောင့် သူမ အတန်းထဲဘဲ ပြန်သွားဖို့ လုပ်လိုက်တယ်။

မထင်မှတ်စွာဘဲ သူမ အကွေ့မှာ တစ်ယောက်ယောက်နဲ့ ဝင်တိုက်မိတယ်။

သူမ မော့ကြည့်လိုက်တော့ ထောင်ယွယ်ယင်း မှန်းသိလိုက်တယ်။

ထောင်ယွယ်ယင်း မျက်မှောင်ကြုံလိုက်ပြီး သူမကို မပျော်ရွှင်စွာကြည့်လိုက်တယ်။

"ဘယ်လိုတောင် ကံဆိုးတာလဲ" သူမ နှာမှုတ်ပြီး လှည့်တောင် မကြည့်ဘဲ ထွက်သွားတယ်။

ရှရှီပေ သူမ မျက်လုံးကို အနည်းငယ်မှေးကာ သူမကျောကို ကြည့်လိုက်တယ်။

အခြားတစ်ယောက်ဆိုရင် သူမ အများကြီးတွေးမှာ မဟုတ်ဘူး။ ဒါပေမယ့် ထောင်ယွယ်ယင်းက ရှချင်းဟန်ရဲ့ သစ္စာရှိ နောက်လိုက်။

ဒါကြောင့် ဒါက ပုံမှန်အဖြစ်လို့ ထင်ရပေမယ့် သူမကတော့ ဒါဟာသာမန်လို့မထင်ဘူး။

ပြီးတော့ ဒါက ‌တကယ်ဘဲ အကွေ့ဆိုပေမယ့် သူတို့ ဝင်တိုက်တာက တိုက်ဆိုင်မှု မဖြစ်နိုင်ဘူး။

သူတို့ လုပ်နေတဲ့ လိမ်ဆင်တွေကို စဉ်းစားရင်း သူမ မနေနိုင်ဘဲ ရယ်တော့တယ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now