အပိုင်း ၈၃

2.8K 343 4
                                    

Unicode

-ခိုးချတာ

အတန်းအဆင့်တွေအပါအဝင် အတန်းပေါင်း အဆင့်တွေပါ ထွက်လာတယ်။

အဆင့်ကပ်ထားတဲ့ စာရွက်ကို ကြည့်ပြီး ပြန်လာတဲ့တစ်ယောက်က ရှော့ရပြီး အော်လိုက်တယ်။ "ဘုရားရေ! ရှရှီပေ ဒီတစ်ခါ တကယ်ကြီး အဆင့်ငါးရတာ ပြီးတော့ ရှချင်းဟန်က အဆင့်ခြောက်တင်ရတာ!"

"မဖြစ်နိုင်ဘူး!" ‌ကောင်လေး နောက်တစ်ယောက်ကလည်း အံ့ဩသွားတယ်။ "ငါ့ နတ်ဘုရားမလေးက ဘယ်လိုလုပ် အဆင့်ခြောက်ဘဲ ရရတာလဲ?"

ရှချင်းဟန်က ယေဘုယျအားဖြင့် အဆင့်  1 to 5 အတွင်း ဝင်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ သူမက အဆင့် ခြောက်ထိကျသွားတယ်?

အဆင့် ၂၀အတွင်း ဝင်တဲ့ သူအားလုံးက အကောင်းဆုံး တက္ကသိုလ်ကို လျှောလျှောလျှူလျှူ တက်နိုင်ပေမယ့်လည်း ရှချင်းဟန်က အရင်က အမြဲတမ်း အဆင့် ၅အတွင်းဝင်ခဲ့တာ!

"အရှေ့က ကျောင်းသားတွေ အဆင့်က မပြောင်းဘူး ရှရှီပေသာ ရုတ်တရက် ပေါ်လာတာရှိတာ"

အဲ့စကားတွေ ထွက်လာတော့ အကုန်လုံး ရုတ်တရက် အသိဝင်လာကြတယ်။

ရှရှီပေက ရှချင်းဟန်ရဲ့ အဆင့်ငါးနေရာကို ယူလိုက်တာလား?

အားလုံးက ရှရှီပေကို မိုက်ခရိုစကုပ်နဲ့ ကြည့်သလို စူးစိုက်ပြီး ခေါင်းအစ ခြေအဆုံးကြည့်လိုက်တယ်။

"တစ်ခုခုတော့ မှားနေပြီ သူမ အဆင့်တွေက အဲ့လောက်မကောင်းပါဘူး ဘာလို့ သူမက ရုတ်တရက်ကြီး အဆင့် ငါးရရတာလဲ?"

တစ်ယောက်ယောက်က အဲ့လိုပြောလိုက်တော့ အားလုံးအမူအရာက ထူးဆန်းကုန်ကြတယ်။

"အို့ ဟုတ်တယ်! ရှရှီပေ စာမေးပွဲဖြေတုန်းက သူမက ရှချင်းဟန်နဲ့ စာမေးပွဲခန်းတူတူဘဲ!"

"သူတို့က စာမေးပွဲခန်းတူရုံတင်မဟုတ်ဘူး ထိုင်ခုံတွေလည်း ကပ်နေတာ ကြားထဲက လမ်းဘဲခြားတာ!"

အားလုံး အမူအရာက ပိုပြီး ထူးဆန်းလာတယ်။

"အဲ့တာ....."

သူတိူ့ ဒါကို ဆွေးနွေးနေတုန်း အေးစက်သော အသံတစ်ခုထွက်လာတယ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now