အပိုင်း ၈၂

2.9K 351 3
                                    

Unicode

- တန်တယ်

ဗီဒီယိုထဲမှာ ထူးထူးခြားခြားမပါပေမယ့် ရုပ်ပုံတွေကတော့ ကျင်ယာကျန်းကို ပြန်ပြီး မတိုက်ခိုက်နိုင်အောင် ဖြစ်စေတယ်။

အဲ့တာက သူမ အင်တာနက် ဆယ်လီတွေကို အတုခိုးပြီး ယန်ရွှမ်နဲ့ ရိုက်ခဲ့တဲ့ ဗီဒီယို။ သူတို့ နှစ်ယောက် အဲ့ထဲမှာ သီချင်းဆို ကနေပြီး နမ်းတာတွေလည်း ပါတယ်။

"အဲ့တာ နင်တို့ နှစ်ယောက်ဘဲ!"

လူတိုင်းက ကြောင်သွားတယ်။

ပုံသာဆိုရင် သူတို့ ဖိုတိုရှော့လုပ်ထားတယ်ဆိုတာ ယုံလိုက်လို့ ရတယ်။ ဒါပေမယ့် ဒါက ဗီဒီယို!

"မယုံတဲ့သူတွေ ရှိရင် စကားဝှက်ကို သုံးပြီး နင်တို့ဘာသာနင်တို့ အင်တာနက်မှာ ရှာကြည့်လို့ရတယ် ငါ့ကိုယုံ အံ့ဩစရာတွေ အများကြီးရှိသေးတယ်!" ရှရှီပေ လူတိုင်းကို အပြစ်ကင်းစွာ ပြုံးပြလိုက်တယ်။

ရှရှီပေ ကျင်ယာကျန်းကို ဂရုစိုက်ဖို့ အချိန်မရှိဘူး။ ဒါပေမယ့် ကျင်ယာကျန်းက သူမအရှေ့ရောက်လာပြီး ကိုယ့်သေလမ်းကို ရှာတာဘဲ။ ဒါကြောင့် သူမ အပြုအမူအတွက် လာပြီး အပြစ်မတင်နဲ့။

အခြား‌ေကျာင်းသားတွေ ရှရှီပေ ပြောတာကို မစောင့်တော့ဘဲ ချက်ချင်း ဖုန်းကို ထုတ်ပြီး ဗီဒီယိုတွေကို ရှာကြည့်တော့တယ်။

ကျင်ယာကျန်း မျက်နှာက ဖြူဖျော့သွားပြီး စကားမပြောနိုင်တော့ဘဲ အိမ်သာကိုသာ ပြေးတော့တယ်။

သူမ ဖုန်းကို ထုတ်လိုက်ပြီး အဲ့ဝက်ဘ်စိုက်က သူမ အကောင့်ထဲကို ဝင်လိုက်ပြီး ဗီဒီယိုတွေကို ဖျက်လိုက်တယ်။ သူမဗီဒီယိုတွေကို ကြည့်ရှုနှုန်း အများကြီး တက်လာတာကို တွေ့လိုက်တယ်။

'ငါတော့ သွားပြီ'

ကျင်ယာကျန်း နှလုံးက အေးစက်သွားတယ်။

သူမ ယန်ရွှမ်နဲ့ တွဲတုန်းက သူမ အဲ့လိုတွေကို အင်တာနက်ကနေ ကြည့်ရတာကို ကြိုက်တယ်။

အများကြီးကို ကြည့်ပြီးတော့ သူမလည်း တစ်ခုလောက် ရိုက်ချင်လာတယ်။ ကျော်ကြားမှုကြောင့် မဟုတ်ဘဲနဲ့ မှတ်ဉာဏ်အဖြစ် ထားခဲ့ချင်လို့။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now