အပိုင်း ၂၀၀

384 50 0
                                    

SY အင်တာတိန်းမန့်မှာ ယောက်ျားလေးနှင့် မိန်းကလေး အားလုံးပေါင်း နှစ်ဆယ်နှင့် သုံးဆယ်ကြားတွင်ရှိသည်။

ရှရှီပေက အသစ်လေးဖြစ်တာကြောင့် လူတိုင်းက သူမကို အာရုံစိုက်နေကြသည်။

ပြောရရင် ဒီမှာက အကုန်လုံး ပြိုင်ဆိုင်နေကြတာ။ ပြိုင်ဖက်အသစ်ပေါ်လာတိုင်း အကုန်လုံးက ‌အခြေအနေကို သိဖို့လိုအပ်လေသည်။

ရှရှီပေကို မြင်တွေ့ရပြီး အကုန်လုံးရဲ့ ခံစားချက်တွေက ရှုပ်ထွေးနေသည်။

ဒီမှာ ရှိသည့် လူတိုင်းက ရုပ်ရည်ကြည့်ကောင်းကြပေမယ့် ရှရှီပေ၏ ရုပ်ရည်ကတော့ ထိပ်တန်းဖြစ်တာကြောင့် အကုန်လုံးကို အနည်းငယ် မအီမသာဖြစ်စေသည်။

ဆယ်လီဖြစ်ဖို့ရာ ရုပ်ရည်တစ်ခုတည်းမှာပဲ မူတည်နေတာမဟုတ်ပေမယ့် ထိုရုပ်ရည်နှင့် အားတစ်ဝက်စိုက်ထုတ်သည်ပင် ရလဒ်နှစ်ဆရနိုင်သည်။ ရုပ်ရည်ပဲကြည့်သည့် ပရိသတ်တွေ အများကြီးရှိသည်။

ရှရှီပေ ထိုင်ဖို့နေရာရှာကာ သူမဘေးက လူတွေကို နှုတ်ဆက်သည့်အနေဖြင့် ပြုံးပြလိုက်ပြီး သူမဖုန်းကိုသာ သုံးနေသည်။

သူမ ပုံစံက လူတွေကို ငြင်းဆန်နေပုံမပေါ်ပေမယ့် ဘယ်သူမှ သူမအနားမကပ်ရဲကြပေ။

သူတို့ အနီးကပ်သွားရင် တစ်ခုခုဖြစ်မှာစိုးနေကြသည်။ 

ထို့ကြောင့် ဆရာမ မလာခင် အကုန်လုံး သူတို့ကိစ္စကိုယ် သူတို့ လုပ်နေကြသည်။

ရှချင်းဟန် ဝင်လာတော့ သူမနားတွင် လူနှစ်ယောက်ရှိ‌ပြီး ရှရှီပေကတော့ တစ်ယောက်တည်း ထိုင်နေသည်ကိုမြင်တော့ သူမ ဘဝင်ခိုက်သွားသည်။

ထိုအကြောင်းကို တွေးပြီး သူမနှင့် ရှရှီပေကြားက ပြဿနာကိုမေ့ကာ သူမဆီကိုသွားလိုက်သည်။

"ရှီပေ ဘာလို့..."

"အတန်းဖော် ရှချင်းဟန် နောက်ဆုံးတော့ ငါ့ကို တောင်းပန်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့?" ရှရှီမေ သူမကို မော့ကြည့်ပြီး ချက်ချင်း ဖြတ်ပြောလိုက်သည်။

"တောင်း...တောင်းပန်ရမယ်?"

ရှချင်းဟန်မျက်နှာက ရုတ်ချည်း အကျည်းတန်သွားဟည်။

You've reached the end of published parts.

⏰ Last updated: May 10 ⏰

Add this story to your Library to get notified about new parts!

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now