အပိုင်း ၉၈

2.8K 352 3
                                    

Unicode

- ဆုမဲ

ဖွင့်တာမကြာသေးသော ရှော့ပင်းမော ကြီးကြီးတစ်ခုဖြစ်ပြီး တံခါးပေါက်ကို ဖွင့်လစ်ခြင်းအတွက် ဆင်နွှဲသော နဖူးစည်း ပိုစတာများနှင့် အလှဆင်ထားတယ်။

တစ်ခုသောပိုစတာတွင် ထင်ရှားသော စကားလုံးများ ရေးထားသည်။ _ "ယွမ်တစ်ရာထက်ပိုဝယ်ပြီး ဆုမဲကို ကံစမ်းလိုက်ပါ!"

တံခါးနားက ဆုမဲထောင့်တွင် ဆုများစွာကို ပြသထားတယ်။

အိမ်သုံးပစ္စည်းအမျိုးမျိုး ပါဝင်ပြီး ဆွဲဆောင်မှုအရှိဆုံး ဆုကတော့ ကားအသစ်တစ်စီးဖြစ်တယ်။

ဒီနေ့ဒီခေတ်တွင် ဆိုင်အသစ်ဖွင့်တိုင်း သူတို့က နည်းအမျိုးမျိုး မော်ဒယ်များစွာကို သုံးပြီး ကာစတမ်များကို ဆွဲဆောင်ကြတယ်။

ဒီမောက အရမ်းကြီးပြီး အသစ်ဖြစ်တာကြောင့် ကာစတမ်တွေ အများကြီးရောက်နှင့်နေပြီ။ ထိုဆုများရဲ့ ဆွဲဆောင်မှုများနဲ့ ပေါင်းလိုက်ရင် များစွာသော လူများ စုပြုံလာကြတယ်။

ဆုကြီးအဖြစ် ကားအသစ်ဖြစ်တာကြောင့် လူအများစုက ဒါကြောင့် လာကြတယ်။

ဒါပေမယ့် ယွမ်၂၀၀၀၀၀ ကျော်တန်ဖိုးရှိတဲ့ ကားကို ရဖို့ လွယ်ပါ့မလား?

ကားနားမှာထားတဲ့ ဆုတွေကို ပေးပြီး ဖြစ်ပေမယ့် ကားက အဲ့နေရာမှာရှိနေဆဲဖြစ်ပြီး ကားတည်ရှိနေမှုက များစွာသော ကာစတမ်မာများကို ဆက်လက်ဆွဲဆောင်နေတယ်။

အကြည်ရောင် ဆုမဲဘူးထဲတွင် အဖြူရောင်‌ေဘာလံုးများစွာရှိနေတယ်။

အဖြူရောင်ဘောလုံးများကို ဖွင့်ခြင်းသည် မဲ၏ ရလဒ်ကို ဖွင့်ခြင်းဖြစ်တယ်။

တစ်ယောက်ယောက်က မဲနှိုက်လိုက်တာနဲ့ အများစုက ထိုလူကို အသက်ရှုရပ်ပြီး သူတို့ကိုယ်တိုင် မဲနှိုက်သလို ကြည့်နေတယ်။

ဆုမဲကို ကြေညာတော့ အကုန်လုံးပိုပြီး စိတ်လှုပ်ရှားလာကြတယ်။ သူတို့က ဆုကြီးရဖို့ မျှော်မှန်းနေကြပြီး ဆုကြီးကို သူများရသွားမှာ စိုးရိမ်နေကြတယ်။

လူစုက မျှော်လင့်ချက်နှင့်လာပြီး စိတ်ပျက်မှုဖြင့်သာ ထွက်သွားရတော့တယ်။

ရက်စက်သောနတ်ဘုရားမOn viuen les histories. Descobreix ara