အပိုင်း ၄၀

3.7K 464 2
                                    

Unicode

-မတူတဲ့ ရှရှီပေ

သူ့ရဲ့ ဒေါသကို ချုပ်တည်းဖို့ အကောင်းဆုံးကြိုးစား‌ေနတဲ့ ယန်ရွှမ့်ကို ကြည့်ပြီး ရှရှီပေ မျက်ခုံးပင့်လိုက်တယ် "ကောင်းပြီ ဒါပေမယ့် မိနစ်အနည်းငယ်ဘဲ အချိန်ရမယ်နော်"

"လုံလောက်တယ်" ယန်ရွှမ်‌ ခေါင်းငြိမ့်ပြီး သွားကြိတ်ကာ မနက်က နေရာဘဲ သွားလိုက်တယ်

"နင် ငါ့ကို ဘာလို့ ရှာတာလဲ?" ရှရှီပေ မေးလိုက်တယ်

ယန်ရွှမ် တည်ငြိမ်ပြီး အလျင်မလိုတဲ့ ရှရှီပေကို ကြည့်ပြီး စိတ်ရှုပ်ထွေးသွားတယ် သူမက အရင်တုန်းက သူမနဲ့ တူတူဘဲလား? အခု ဘာလို့ အရမ်း ပြောင်းလဲနေတာလဲ? ဒါပေမယ့် သူ မသက်ဆိုင်တဲ့ အတွေးတွေကို ဘေးဖယ်ထားလိုက်ပြီး အသက်ပျင်းပျင်းရှူကာ ဒေါသကို ထိန်းထားလိုက်တယ်" တကယ်တော့ ငါ မင်းဆီက ပိုက်ဆံ အဲ့လောက်မချေးဘူး"

"ဒါပေမယ့် နင် ငါ့ဆီက တကယ်ချေးခဲ့တာဘဲလေ" ရှရှီပေ ပုခုံး တွန့်ပြီး ပြောလိုက်တယ် "မဟုတ်ဘူးလား?"

ယန်ရွှမ် ခဏလောက်ရပ်သွားပြီး ပြန်ပြောလိုက်တယ်" ဒါပေမယ့် ငါမင်းဆီက ၁၀၀၀၀ဘဲ ချေးခဲ့တာ ၂၀၀၀၀ မဟုတ်ဘူး မင်း ငါ့ကို ငွေညစ်ဖို့ လုပ်နေတာ!"

"အဲ့တော့ ဘာဖြစ်လဲ?" ရှရှီပေ ရက်စက်သော အပြုံး ပြုံးပြလိုက်တယ်" နင် အခြားသူ‌ေတွကို ရှင်းပြလို့ရမယ်လို့ ထင်လား? လူတွေက နင့်ကို အခု ယုံပါဦးမလား?"

သူမ စကားတွေက သူမကို အစ်ဖို့ကြိုးစားနေတဲ့ ယန်ရွှမ့်ကိုပျော်ရွှင်စေတယ်

"မင်းငါကို ဒီနေ့ ရိုက်ခဲ့သေးတယ်!"

"ငါလုပ်တော့ ဘာဖြစ်လဲ? ပျော့ညံ့တဲ့ နင့်အမှား မဟုတ်ဘူးလား?"

ယန်ရွှမ် မျက်နှာ ပျက်သွားတယ် သူ့ရှေ့မှာ ရပ်နေတဲ့ ရှရှီပေက သူနဲ့ လုံးဝ စိမ်းနေတယ်!

"ဒါ့အပြင်ကို ဒါတွေအကုန် အမှန်ဆိုရင်တောင် နင့်စကားတွေကို ဘယ်သူက ယုံမှာလဲ? နင့်မိဘတွေက ကိစ္စအကြီးကြီး ဖန်တီးခဲ့တာလေ တစ်ကျောင်းလုံး သိလောက်ပြီ အခုလောက်ဆိုရင် ပြီးတော့ နင်လည်း‌ ကျော်ကြားပြီလေ ဘယ်လောက်ကောင်းလိုက်လဲ? နင် ငါ့ကို အဲ့အတွက် ကျေးဇူးတောင် တင်သင့်သေးတယ်"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now