အပိုင်း ၆၇

3.2K 428 3
                                    

Unicode

-ဉာဏ်ကောင်းတဲ့ နတ်ဘုရားမ

သန်းချီဉာဏ်သတ္တိက အရင်တုန်း အရမ်း ပေါ်ပြူလာဖြစ်တဲ့ ပရိုဂရမ် ဖြစ်ခဲ့ပြီး လူထုကြားမှာ အမေးအဖြေလုပ်တဲ့ ထရန်းတစ်ခုဖြစ်ခဲ့သေးတယ်။

အဲ့အပြင်ကို ရှချင်းဟန်ရဲ့ ထိပ်တန်းကျောင်းသူ ရုပ်သွင်က ဒီပရိုဂရမ်နဲ့ စခဲ့တာ။

သူမဖန်တွေရဲ့ မျက်လုံးတွေထဲမှာ ရှချင်းဟန်က ရုပ်လှ ဉာဏ်ကောင်းပြီး စွမ်းရည်အများကြီးပိုင်ဆိုင်တဲ့ စင်စစ် နတ်ဘုရားမ။

အဲ့လို ကာရိုက်တာမျိုးက သူမကို အလွန်တရာ ကျော်ကြားစေတယ်။

ဒါပေမယ့် ရှချင်းဟန်ရဲ့ ထိပ်တန်းကျောင်းသူရုပ်သွင်က သူတို့ကို ပိုက်ဆံအမြောက်အမြားနဲ့ အားစိုက်ထုတ်မှုတွေ ပုံပေးရတဲ့ ထွင်လံုးတစ်ခုဘဲဆိုတာ ရှရှီပေ သိတယ်။

ဒါပေမယ့် သူမ အခု ပြန်လာပြီဘဲ။ ဆိုတော့ သူမ ရှချင်းဟန်ကို အရမ်း ဘဝင်ခိုက်ခွင့်မပေးနိုင်တော့ဘူး။

အဲ့တာက အစကောင်းဘဲ။

အဲ့လိုအတွေးမျိုးဝင်လာပြီး ရှရှီပေ လင့်ခ်ကို ‌ဖွင့်လိုက်တယ်။ သူမ မြန်မြန်ပင် အကောင့်တစ်ခုကို ဖွင့်လိုက်ပြီး မေးခွန်းတွေကို စတင်ဖြေဆိုလိုက်တယ်။

ပရိုဂရမ်က အပိုင်းများစွာရှိပြီး ပထမနှစ်ခုက အရမ်း ရိုးရှင်းတယ်။ ပညာရပ်တော်တော်များများမှာ ယေဘုယျ အသိဉာဏ်ရှိပြီး သေသေချာချာဖြေနိုင်မယ်ဆိုရင် အောင်နိုင်တယ်။

အဲ့အပြင် ဖြေဆိုသူတွေက ပထမနှစ်ပိုင်းမှာ ခိုးချလို့ရတယ်။ ပြောရရင် ဘယ်သူကမှ ဖုန်းဒါမှမဟုတ် လက်ပ်တော့ရှေ့ ဘယ်နှစ်ယောက်ထိုင်နေတယ် ဒါမှမဟုတ် ဘယ်နှစ်ယောက်က မေးခွန်းတွေ ဖြေပေးနေတယ်ဆိုတာ သိနိုင်တာမှမဟုတ်တာ။

အဲ့တာကြောင့် ဉာဏ်စမ်းကို ဖြေတဲ့အခါမှာ မိသားစုဝင်တွေဆီကနေ ဒါမှမဟုတ် သူငယ်ချင်းတွေဆီကနေ အကူအညီယူလို့ရတယ်။

ဒါပေမယ့် သူတို့တွေ ပြိုင်ပွဲရဲ့ လေးပုံတစ်ပုံကို ရောက်ရင် အပြောင်းအလဲတွေ ရှိတယ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now