တစ်ဗူးလုံး ဝယ်ခြင်း

3.7K 467 1
                                    

Unicode

ဟော်ကျီကျွင်း ကြောင်အသွားတယ်

သူက ရှရှီပေ ပရမ်းပတာတွေ ပြောနေတယ် ထင်တာ ဘာဘဲ ပြောပြော သူမက အခုမှ ဆယ်ကျော်သက်ဘဲ ရှိသေးတာ သူမက ဘယ်လိုလုပ် ဆေးအညွှန်းပေးတတ်မှာလဲ?

ဒါ့အပြင်ကို တိုင်းရင်းဆေးက အနောက်တိုင်းဆေးနဲ့ မတူဘူး အနောက်တိုင်းဆေးပညာမှာ အနာရှိရင် ဆေးရှာနိုင်တယ် ဒါပေမယ့် တိုင်းရင်းဆေးပညာမှာတော့ အတိုင်းအဆ ကို လွယ်လွယ်လေး ကိုင်တွယ်လို့ မရဘူး

ဘာ ဗဟုသုတမှမရှိဘဲ ဆေးသောက်ရင် အသက်သေစေနိုင်တယ်

ဒါပေမယ့် ရှရှီပေ ပြောတဲ့ ဆေးတွေ အကုန် ပေါင်းလဒ်က အရမ်း ကောင်းတယ်

ဟော်ကျီကျွင်း အရမ်းဖျော့တော့နေတဲ့ ရှရှီပေကို ရှော့ရတဲ့ ပုံစံနဲ့ ကြည့်လိုက်တယ် "မင်းကို ဒီဆေးညွှန်း ဘယ်သူပေးတာလဲ?"

ရှရှီပေ ဗိုက်က နာကျင်မှုက ယာယီ လျော့ကျသွားတယ် ဒါကြောင့် သူမမှာ ဟော်ကျီကျွင်းကို ပြန်ဖြေဖို့ အားရှိတယ်

"ကျွန်မဘာသာ ကျွန်မ လုပ်ထားတာ ကျွန်မကို ကူညီပေးနိုင်မလား? ရေသုံးဇလုံလောက်ကျိုပြီး မီးအေးအေးနဲ့ နာရီဝက်လောက် ထားလိုက် ကျေးဇူး"

ဟော်ကျီကျွင်း ခနကြောင်သွားပြီးနော် သူများတွေကို ဆေးပစ္စည်းတွေ ပြင်ခိုင်းလိုက်တယ်

အမိန့်ပေးပြီးနောက် သူ ရှရှီပေကို ကြည့်လိုက်တယ် "မင်း တိုင်းရင်းဆေးကို သိတာလား?"

သူမက သိတဲ့ပုံ လည်း မပေါက်ပါဘူး!

ရှရှီပေက ငယ်သေးတယ် သူမ တိုင်းရင်းဆေးသာသိရင် သူမကိုယ် သူမ ဘာလို့ ဂရုမစိုက်တာလဲ?

ဒါပေမယ့် သူမ ပြုလုပ်ထားတဲ့ ဆေးညွှန်းကို ကြည့်ရင် သူ တွေးထားတာထက် ပိုကောင်းတယ်

ဆေးညွှန်းနှစ်ခုက အဆင့်တစ်ခုတည်းမှာ မဟုတ်ဘူး

ဒါက သူ့ကို စိတ်ရှုပ်စေတယ်

"ကျွန်မ နည်းနည်းနားလည်တယ်" ရှရှီပေ အံကြိတ်လိုက်ပြီးနောက် မျက်နှာရဲလာပြီး ထဖို့ ရုန်းကန်နေတယ်

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now