အပိုင်း ၁၆၉

1.3K 148 0
                                    

- သူမ ကျွန်မတို့ ကလေးတွေကို အန္တရာယ်ပြုချင်နေတာ

"ခင်ဗျားပြောနေတဲ့သူရဲ့ နာမည်က ဘယ်သူလဲ?" ရဲက တွေဝေစွာဖြင့်စပ်စုလိုက်သည်။

သူမနှင့်တူတာလည်းဖြစ်နိုင်နေတာဘဲ!

"သူမနာမည်က ရှရှီပေ!" လျိုလီရှင်း ရင်ဘတ်ထဲ ဒေါသမီးလျံတွေ တောက်နေပြီး ထုတ်ပြောလိုက်သည်။

သူမ ထိုလူတွေ ဘာတွေဖြစ်နေတာလဲဆိုပြီး စဉ်းစားမိနေသည်။ ရှရှီပေ ဒဏ်ရာမရရုံသာမက သူတို့ ရဲစခန်းတောင် ရောက်သွားသေး!

ကံကောင်းစွာနှင့် သူတို့ သူမကို သစ္စာမဖောက်ကြ။

သို့ပေမယ့် ရှရှီပေက ရှာတွေ့သွားတယ်!

လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း လျိုလီရှင်းနှင့် ရှရှဟိုင်တို့ ချိန်းခြောက်စာ အမြောက်အမြား ရခဲ့သည်။ ထိုစာထဲတွင် သူတို့၏ ကလေးတွေပုံနှင့် အောက်တွင် မုန်းစရာစကားလုံးတို့ ရှိနေသည်။

"နင်တို့ ငါ့ကို ငြိမ်းငြိမ်းချမ်းချမ်း မနေစေချင်ဘူးပေါ့ ရတယ်လေ ငါလည်း နင်တို့ ငြိမ်းချမ်းမှုကို ဖျက်စီးပြမယ်"

"ငါသူတို့ကို ငါနဲ့အတူ ငရဲကိုဆွဲချသွားမယ်!"

ကြောက်စရာကောင်းသော စကားလုံးတို့ကို သပ်သပ်ရပ်ရပ်စကားလုံးတို့ဖြင့် ရေးထားသည်။

လျိုလီရှင်း ထိုစာတို့ကို ရသည်နှင့် ချက်ချင်းပေါက်ကွဲထွက်သွားသည်။

ကောင်မစုတ်လေးက ဒီလို ကစားရဲတယ်ပေါ့?! သူတို့က သူမကို ကြောက်မယ်လို့ သူမထင်နေလား?! သူမလို ပျော့တိပျော့ညံ့ကလေးတစ်ယောက်က သူတို့ကိုလာပြီး ရှုပ်ဖို့ ကြိုးစားနေတာလား?!

ရှရှဟိုင် ရှရှီပေ၏ တကယ့်စိတ်ထားက အရမ်းကြမ်းတမ်းပြီး တင်းမာသည့်သဘောရှိသည်ဟု ပြောပေမယ့် ရှရှီပေကို အစစ်အမှန် သိခွင့်မရသည့် လျိုလီရှင်းအတွက် ပရမ်းပတာတစ်ခုလိုပင်။

ရှရှဟိုင် အိမ်ကို ရှရှီပေနာမည်အောက်လွှဲပြီးတော့ သူမကို ပါးစပ်ပေါက်ပိတ်စေချင်လို့ ပြောတာဖြစ်ရမည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now