အပိုင်း ၁၄၃

2.1K 234 2
                                    

-ကျော်ကြားမှာ

"အဆင်ပါတယ်" ရှရှီပေ အပြုံးလေးနှင့်ပြောလိုက်သည်။ "ကျွန်မ ရှင်တို့ရဲ့ ရင်းနှီးမှုကို သဘောကျတယ် ကျွန်မလည်း အကိုတစ်‌ေယာက်လိုချင်လိုက်တာ"

နျဲ့ဇဲဟိုင်လည်း ပြုံးလိုက်သည်။ "ကိုယ်က သူ့ထက် ဆယ်နှစ်ကြီးတယ်လေ ကိုယ် ကလေးကတည်းက သူက ကိုယ့်နောက်က လိုက်နေတာ ကိုယ်က သူ့အကိုလို ဦးလေးလိုပါဘဲ"

နျဲ့ဇဲဟိုင်က ၂၆နှစ်ရှိပြီ။ တက္ကသိုလ်ကနေ ဘွဲ့ရပြီး ဖျော်ဖြေရေးလောကထဲဝင်‌ပြီး ကြိုးစားပေမယ့် သူက အရမ်းကြီး မကျော်ကြားသေး။

မဟုတ်ရင် သူ ဒီကို တည်တည်ငြိမ်ငြိမ်ဖြင့် ထွက်လာရဲမှာမဟုတ်။

ကျော်ကြားသော အနုပညာရှင်တွေက လူရှေ့ ပုံမှန်မထွက်ကြ။

"ဟိုင်း အရှူရာ" သူ အရှူရာကို ကြည့်လိုက်သည်။ "မင်းလည်း ဒီမှာရောက်နေတာဘဲ"

"ဝုဖ်!"

အရှူရာလည်း နျဲ့ဇဲဟိုင်ကို သိ၍ ချက်ချင်းပင် သူ့ကို စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်သည်။

"အရှူရာက အမြဲတမ်း ချောနေတော့တာဘဲ!" နျဲ့ဇဲဟိုင် အရှူရာ့ခေါင်းကို ပွတ်ကာ ‌အော်လိုက်သည်။

"ဝုဖ်!" အရှူရာ ရှရှီပေ လက်မောင်းပေါ် လက်တင်လိုက်သည်။

"အို့ ဒါက မင်းသူငယ်ချင်းလား?" နျဲ့ဇဲဟိုင် ပြုံးလိုက်သည်။ "ကောင်းတယ်"

"ဟုတ်တယ် ငါ မင်းတို့ကို မိတ်ဆက်ပေးဖို့ မေ့နေတယ်" ယွီဇီချီ ပြောလိုက်သည်။ "ဒါက ရှရှီပေ အဲ့တာက ရန်ကျွင်းချန် နောက်ဆုံး တစ်ယောက်က ထန်လော် ကျွန်တော် သူတို့ကို ဒီနေ့ဘဲ တွေ့တာ ဒါက ငါ့ ဝမ်းကို ကိုကြီး နျဲ့ဇဲဟိုင် ဒီအဆင့် သရုပ်ဆောင်"

"မင်း အရိုက်ခံချင်နေပြီလား? ဒီအဆင့်သရုပ်ဆောင်ဆိုတာ ဘာလဲ?" နျဲ့ဇဲဟိုင် ဒေါသဖြင့် အော်လိုက်သည်။

ယွီဇီချီ သူ့လက်သီးကို ရှောင်လိုက်ပြီး သူ့ကိုယ်သူ ခုခံလိုက်သည်။ "ကိုကြီးက ဒီအဆင့်သရုပ်ဆောင်ဘဲလေ! ရှီပေကလွဲပြီး လူဘယ်လောက်များများက ကိုကြီးကို မှတ်မိလို့လဲ?"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now