အပိုင်း ၁၆၃

1.4K 128 0
                                    

- လူနှစ်ယောက်၏ ကျဆုံးခန်း

စုန့်ကျားရန် ယန်ရွှမ့်မိဘတွေ မနေ့က ရုံခန်းထဲမှာ သွေးထွက်သံယိုတွေ ဖြစ်ကြတော့မလို့ဆိုတဲ့အကြောင်းကို ကြားသည်။

သူတို့အမြင်တွင် ရှရှီပေဆီက ယန်ရွှမ် ချေးထားသည့် ပိုက်ဆံတွေ အကုန်လုံးက ကျင်ယာကျန်း အပေါ်သုံးသည်ဆိုပြီးတော့ပင်။

ဤအကြိမ်တွင် ကျင်ယာကျန်းကြောင့်ပင် ယန်ရွှမ် ဒုက္ခရောက်ရသည်ပင်။ သူ ကျောင်းထုတ်ခံရလောက်သည်အထိ လေးနက်နေတာကြောင့် သူတို့‌လည်း ဒေါသပြင်းစွာ ထွက်ရခြင်းဖြစ်သည်။

ကျောင်းကသာ ပြင်ပြင်ဆင်ဆင်မရှိဘဲ လုံခြုံရေးတွေ အနားမှာမရှိရင် ထိုနေရာမှာတင် လူသတ်မှု ဖြစ်သွားနိုင်သည်။

ကျင်ယာကျန်းကို ကယ်လို့ရလိုက်‌ပေမယ့်လည်း ယန်ရွှမ်၏ မိဘတွေက သူမနှင့် တစ်သက်လုံး ရန်သူတွေ ဖြစ်သွားပြီ!

သူတို့ ကိုကြီးလျန်က အကုန်လုံးကို ဖော်ကောင်လုပ်ပေမယ့်လည်း သူ့ကို သူတို့ ဘာမှမလုပ်ရဲ။

သို့ပေမယ့် ဤကိစ္စ၏ အစ‌က ကျင်ယာကျန်းဖြစ်တာကြောင့် သူမက အကုန်လုံးအတွက် တာဝန်ရှိတယ်!

ကိုကြီးလျန်ရဲ့ အဆင့်အတန်းက သူတို့ထက် မြင့်ပြီး ပိုက်ဆံလည်း ပိုရှိတာကြောင့် သူတို့ သူ့ကို ဘာမှလုပ်လို့မရ။

ထို့ကြောင့် သူတို့၏ ဒေါသအကုန်လုံးကို ကျင်ယာကျန်းအပေါ် ပုံချနေသည်။

ကျင်ယာကျန်းမိဘတွေကလည်း သူတို့၏ ရှက်စရာကောင်းသော သမီးကို မုန်းကြပြီး သူမကို ကယ်ဖို့တောင် မလာချင်။

ကျောင်းခေါင်းဆောင်တွေက သူတို့ကို အဝေးကို ပို့ဖို့ တော်တော်အားထုတ်လိုက်ရ၍ ဒီဟာသဇာတ်ကို တော်တော်စိတ်ကုန်နေပြီဖြစ်သည်။

ထို့နောက် စုန့်ကျားရန် ယန်ရွှမ့်မိဘတွေက သူ ကျောင်းပြောင်းဖို့ တစ်ခါပြန်လာသည် ကြားသည်။

ကျင်ယာကျန်းကတော့ သူမမိဘတွေက သူမကို ကျောင်းထုတ်လိုက်ကြသည်။

ကျင်မိသားစုက ကျင်ယာကျန်းကို ကျောင်းထားချင်ကြတာမှမဟုတ်တာ။ သူမ ကျောင်းတက်ဖို့ အခွင့်အရေးကို ရှာနေရတာပင်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now