အပိုင်း ၁၂၇

2.6K 291 2
                                    

Unicode

- ကောင်းကောင်းစားရဲ့လား?

ထိုယောက်ျားများ ရှရှီပေ၏ ရိုင်းစိုင်းသော စကားများကို ကြားပြီး တုန်ယင်သွားသည်။

ဒါက တစ်ယောက်ယောက်က ချောင်ရန်ကျွယ်ကို ဤကဲ့သို့ ဆက်ဆံတာကို ပထမဆုံးတွေ့ဖူးခြင်းဘဲ!

ပိုပြီး အံ့ဩစရာကောင်းတာက ချောင်ရန်ကျွယ်က စိတ်မဆိုးဘဲ စိတ်သက်သာရာရသွားသည်ပင်။

သူမ ဒီလို ပြောနိုင်နေသေးရင် သူမမှာ ကြီးကြီးမားမား ပြဿနာရှိမှာမဟုတ်ဘူး။

"မင်း အဆင်ပြေရဲ့လား?"

"အဆင်ပြေတယ်" ရှရှီပေ သူ့ကို မျက်စောင်းထိုးလိုက်သည်။ "ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မ အဆင်ပြေနေမှာ!"

သူမ သူမ၏ စိတ်စွမ်းအားကို အနားမှာရှိသည့် ငှက်တွေကို ဆွဲဆောင်ဖို့ သုံးလိုက်ခြင်းဖြစ်သည်။

ငှက်တွေက ဒါဇင်ကျော်တော့ သူမ၏ စိတ်စွမ်းအင်ကို အများကြီး စားသုံးသွားခြင်းပင်။

သူမ ထိုလူများကို ရိုက်ချပြီး သူမ အားမရှိတော့ဘူး။

သို့ပေမယ့် ဤအရာက ပြဿနာကြီးကြီးမားမားတော့ မဟုတ်။ သူမ ခဏလောက်နားပြီးသွားရင် ကောင်းသွားမှာ။

"တော်ပြီ ကျွန်မကို ချပေးတော့" သူမ ခြေလက်တို့ကို လှုပ်လိုက်သည်။

ချောင်ရန်ကျွယ် သူမကို ချီပြီး ရှေ့ကို ဆက်လျှောက်သွားလိုက်သည်။

"ရှင်ဘာလုပ်နေတာလဲ? ကျွန်မကို ချပေးလို့!" ရှရှီ‌ပေ ရုန်းကန်လိုက်ပေမယ့် သူ့ရင်ခွင်ထဲကနေ မထွက်နိုင်။

ချောင်ရန်ကျွယ် သူ့ခေါင်းကို ငုံ့လိုက်ပြီး သူ၏ ချောမောသော မျက်နှာက ဆုံးဖြတ်ချက်ခိုင်မာနေသည်။ "ကိုယ် မင်းကို လောင်ဟော်ဆီ ခေါ်သွားပေးမယ်"

"ကျွန်မ အဆင်ပြေတယ်လို့ ရှင့်ကို ပြောနေတယ်လေ!" ရှရှီပေ သူ့ကို ကန်ချင်နေသည်။

ချောင်ရန်ကျွယ် သူမပြောတာ မကြားသည့်ပုံဖြင့် ဆက်လျှောက်သွားလိုက်သည်။

ရှရှီပေ နှစ်ခါလောက် ရုန်းကန်ပြီး နောက်ဆုံးတွင် လက်လျှော့လိုက်သည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now