အပိုင်း ၇၇

2.8K 376 3
                                    

Unicode

- စုန့်အိမ်ကို သွားခြင်း

ရှချင်းဟန် ပြန်သွားတော့ ပိုင်မေရွှယ် မျက်နှာက တင်းမာသွားတယ်။

သူမ ရှရှီပေကို ဒီမှာ တွေ့မယ်မထင်ထားဘူး!

သူမတဲ့ ရုပ်တူတဲ့ သူအများကြီးရှိပေမယ့်လည်း ရှရှီပေလောက် ထူးခြားတဲ့သူ မရှိဘူး။ သူမသာ ပွဲဦးထွက်ခဲ့ရင် သူမကို လွယ်လွယ်နဲ့ မှတ်မိသွားကြလိမ့်မယ်။

ဒါကို တွေးမိပြီး ပိုင်မေရွှယ် ဆုံးဖြတ်ချက်ချလိုက်တယ်။

တစ်ဖက်တွင်တော့ ရှရှီပေ သူမတည်ရှိမှုက ပိုင်မေရွှယ်ကို အနှောင့်အယှက်ပေးနေပြီဆိုသာ မသိဘူး။ သူမ စုန့်ကျားရန် ဆီကနေ စုန့်အိမ်ကို ဖိတ်ခေါ်တဲ့ ဖုန်းကောကို အခုလေးတင် ရခဲ့တယ်။

စုန့်မိသားစုအိမ်က အဆင့်မြင့်လုံခြုံရေးတွေပါတဲ့ အိမ်ယာမှာ တည်ရှိတယ်။ မိသားစု သုံးယောက်က နှစ်ထပ်တိုက်လုံးချင်းအိမ်မှာ နေကြတယ်။

သူမ အိုင်ဒီကို အသိအမှတ်ပြုပြီး ရှရှီပေ အောင်မြင်စွာ အိမ်ဝင်းထဲ ဝင်သွားတယ်။

သူမ ဗီလာထဲ လမ်းလျှောက်သွားတဲ့အခါ အရပ်ရှည်ရှည်ယောက်ျားတွေ ထွက်လာတာကို တွေ့လိုက်တယ်။

အဲ့ယောက်ျားတွေက ရက်စက်ပုံပေါ်ပြီး ရန်စချင်စရာ ကောင်းတဲ့ လူတွေ မဟုတ်ဘူး။

တံခါးကို ကျယ်ကျယ် ဖွင့်လိုက်တယ်။ အရပ်ရှည်ရှည်မိန်းမက အပေါက်ဝမှာ ရပ်နေတော့ ရှရှီပေကို မြင်သွားတယ်။

သူမ ရှရှီပေကို မြင်တော့ မျက်လုံးတွေ လက်လာတယ်။

"သမီးက ရှရှီပေမလား?"

"ဟုတ် သမီး ရှရှီပေပါ"

ရှရှီပေ ခေါင်းငြိမ့်လိုက်တာနဲ့ ‌မိန်းမကြီးက အရှေ့တိုးလာပြီး သူမလက်ကို ကိုင်လိုက်တယ်။ "အန်တီက ကျားရန်အမေ သမီး အန်တီ့ကို အန်တီရှင်းလို့ ခေါ်လို့ရတယ်"

သူမ ရှရှီပေကို ကြည့်ပြီး ပြုံးပြုံးလေး ပြောလိုက်တယ်။ "အို့ သမီးက အရမ်းလှတာဘဲ!"

"အန်တီရှင်း"

ရှရှီ‌ပေ သူမထက် အသက်ကြီးတဲ့သူက သူမကို မြင်ရတာ စိတ်လှုပ်ရှားတာကို မြင်ရတာ ပထမဆုံးဘဲ။ သူမ ဘာလုပ်ရမှန်းတောင် မသိတော့။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now