အပိုင်း ၆၈

3.1K 394 2
                                    

Unicode

-  အံ့အားသင့်ဖွယ် ရလဒ်များ

ပထမအဆင့်မှာ ဖြေဆိုသူတိုင်းက မေးခွန်းတစ်ရာကို ဖြေရတယ်။ မေးခွန်းတစ်ခုဆီတိုင်းက တစ်မှတ်ဖြစ်ပြီး အားလုံးပေါင်းရင် အမှတ်တစ်ရာအပြည့်ဖြစ်တယ်။

၈၅မှတ်နဲ့ အထက်ရကြတဲ့ ဖြေဆိုသူတိုင်းက နောက်တစ်ဆင့်ကို တက်ခွင့်ရတယ်။

အတိတ်မှာတုန်းက အမှတ်တစ်ရာရကြတဲ့ ဖြေဆိုသူတွေ ရှိပေမယ့် ဒီလောက်အချိန်တိုတိုလေးအတွင်းမှာတော့ မဟုတ်ကြဘူး!

မေးခွန်းတစ်ခုဆီအတွက် ဖြေဆိုချိန် စက္ကန့် နှစ်ဆယ်ဖြစ်ပြီး အကုန်လုံးပြီးဖို့ဆိုရင် ခန့်မှန်းချေ နာရီဝက်လောက် အချိန်ယူရတယ်။

မြန်မြန်ဖြေဆိုနိုင်တဲ့သူတွေက မေးခွန်းအားလုံးကို မိနစ်နှစ်ဆယ်လောက်တော့ ကြာတယ်။

ဒါပေမယ့် ဒီလိုအမြန်နှုန်းနဲ့ အမှတ်ပြည့်ရတာဆိုလို့ ဒီတစ်ခါဘဲ အဖွဲ့သားတွေ မြင်ဖူးသေးတယ်!

"အံ့ဖွယ်ဘဲ အမှတ်ပြည့်ကို ဆယ်မိနစ်ထဲနဲ့ဆိုတော့.....အမြန်နှုန်းက မေးခွန်းတစ်ခုကို ခြောက်စက္ကန့်ဘဲ! သူမေးခွန်းတောင် ဖတ်လို့ပြီးရဲ့လား?"

"မေးခွန်းထုတ်တဲ့သူတွေတောင် အချိန်ပေးရသေးတယ်မလား?"

"သူ ငါတို့ အဖြေလွှာကို ကူးချထားတာလား?"

ထုတ်ပြောလိုက်ပေမယ့်လည်း မဖြစ်နိုင်ဘူးဆိုတာ သေချာသလောက်ရှိတယ်။

သူတို့အဖြေလွှာက မေးခွန်းပေါင်း သောင်းချီပါတယ်။ ဖြေဆိုသူက အလွယ်လမ်းကို လိုက်မယ်ဆိုရင်တောင် ဒီလိုရလဒ်မျိုး ရဖို့က မလွယ်ဘူး။

"မေးခွန်းတွေကို ကြည့်ကြည့်ရအောင်! မေးခွန်းတွေက လွယ်လို့နေမှာ!"

သူတို့ နောက်ကွယ်ကနေ ဖြေဆိုသူတွေရဲ့ အဖြေတွေကို ကြည့်လို့ရပေမယ့် သူတို့ ဘာမှ စွက်ဖက်လို့မရဘူး။

မေးခွန်းတွေကို ဖွင့်ကြည့်လိုက်တော့ သူတို့ အားလုံး ကြောင်သေသေဖြစ်သွားတယ်။

"လခွမ်း! မေးခွန်တွေက ခက်တယ်!"

"ငါ ဒီမေးခွန်းရဲ့ အဖြေတောင်မသိဘူး!"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now