အပိုင်း ၃၇

3.6K 474 3
                                    

Unicode

-ပိုက်ဆံပြန်ဆပ်ခြင်း

ယန်ရွှမ့်အမေရဲ့ မျက်လုံးထဲမှာတော့ သူမသားက ဘာအမှားမှ လုပ်မထားဘူး အခြားလူတွေကမှ အဲ့လို ပြစ်မှုမျိုး လုပ်နိုင်တာ! ယန်ရွှမ် တကယ်ငွေချေးခဲ့ရင်တောင် သူ့ကို အခြားလူတွေက အရူးလုပ်ပြီး လုပ်ခိုင်းလို့ဖြစ်ရတာ

"ကျင်ယာကျန်းဆိုတာ ဘယ်သူလဲ?" သူမ ဒေါသတကြီးမေးလိုက်တယ်"ငါ သူမကို သွားရှာပြီး စာရင်းရှင်းရမယ်!"

ပိုက်ဆံအကုန်လုံးကို အဲ့ဒီခွေးမစုတ်လေး‌အပေါ်ကိုသုံးလိုက်တယ်ဆိုတော့ သူမ ကမှ ပြန်ပေးရမယ့်သူ!

ရှရှီပေ ကြောက်လန့်တဲ့ ပုံစံပြလိုက်ပြီး သင့်လျော်တဲ့ အကြောင်းပြချက်ကို ခဲယဉ်းစွာ ရှာဖွေနေတယ် "အန်တီတို့ ပြဿနာကို နောက်မှရှင်း ဒါပေမယ့် အန်တီတို့ သမီးကို အရင်ပြန်ပေးရမယ်! သမီးတကယ်လိုနေတာ!"

သူမ ဆရာနှစ်ယောက်ကို တစ်ဖန်ပြန်ကြည့်ပြီး အသနားခံနေတယ်" ဆရာ သမီးကို ကူညီပါဦး!"

ဆရာလျို ခေါင်းငြိမ့်ပြီး အလျှော့ပေးလိုက်တယ်" ဟုတ်ပြီ စိတ်မပူနဲ့"

သူမကို ကူညီဖို့ လက်ခံပြီး သူက ယန်ရွှမ့်မိဘတွေဘက် လှည့်ပြီး ပြောလိုက်တယ်" ပြဿနာက အဖြေပေါ်ပြီဆိုတော့ ခင်ဗျားတို့ အကြွေးပြန်ဆပ်သင့်တယ်"

ယန်ရွှမ့်အမေက ခြေဆောင့်လိုက်ပြီး ခေါင်းမာမာနဲ့ ငြင်းနေဆဲဘဲ "ကျွန်မတို့ ရွှမ်ရွှမ်က ပိုက်ဆံအကုန်လုံးကို ချေးတာမဟုတ်ဘူး ပြန်လိုချင်ရင် အဲ့ကျင်ယာကျန်းဆိုတဲ့ ဟာမကို သွားတောင်းချည်"

ဆရာကျန်းရဲ့ မျက်နှာ ပျက်သွားတယ် "ယန်ရွှမ်က ပိုက်ဆံချေးခဲ့တာ သူကဘဲ ပြန်ပေးရမှာပေါ့ ဘယ်သူနဲ့ သုံးလဲ ဆိုတာကတော့ ဘယ်သူနဲ့မှ မဆိုင်ဘူး ခင်ဗျားတို့နဲ့ဘဲ ဆိုင်တယ်"

ယန်ရွှမ့်အပေါ်ထားတဲ့ ဆရာကျန်းရဲ့ စိတ်က အောက်ဆုံးထိရောက်သွားတယ် ယန်ရွှမ်က သူ့အတန်းထဲက ကျောင်းသားဖြစ်တာကို သတိရပြီး သူပိုပြီး စက်ဆုပ်သွားတယ် သူ့လိုလူက သူ့အနားက လူတွေအကုန်လုံးကို ဖျက်စီးမှာ

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now