အပိုင်း ၇၄

2.9K 374 1
                                    

Unicode

- ပိုင်မေရွှယ်နှင့် တွေ့ခြင်း

ဒါပေါ့ စုန့်ကျားရန် စဉ်းစားဦးမယ်ပြောတော့ ရှရှီပေမှာ ဘာမှ ပြောစရာမရှိဘူး။ သူမ ကျားရန်အတွက် အိမ်ကို ယူသွားဖို့တောင် မစ်တီး ခွက်နည်းနည်းလောက် လုပ်ပေးလိုက်သေးတယ်။

ပြီးတော့ ရှရှီပေ တခြားကိစ္စတွေကို အာရုံစိုက်ထားလိုက်တယ်။

အဲ့ညနေက ရှရှီပေ ဖန်းယန်ဆီက ဖုန်းကောလက်ခံရတယ်။

ဖုန်းထဲမှာ ဖန်းယန် သူမနဲ့ မနက်ဖြန်တွေ့ဖို့ အားတက်သရော အချိန်သတ်မှတ်လိုက်တယ်။

နောက်နေ့မှာ ရှရှီပေ ဝတ်စားဆင်ယင်ပြီး ဖန်းယန်ရဲ့ အက်စ်ဝိုင်ကုမ္ပဏီကို သွားလိုက်တယ်။

အက်စ်ဝိုင်ကုမ္ပဏီက မြို့ထဲက အဆောက်အအုံတစ်ခုထဲမှာ တည်ရှိတယ်။ ဈေးကြီးတဲ့နေရာတွင် ကုမ္ပဏီက ငွေကြေးအဆင်ပြေပုံပေါက်တဲ့ အထပ်သုံးထပ်ရှိကြောင်း ပြသနေတယ်။

အက်စ်ဝိုင် ကုမ္ပဏီက နိုင်ငံ ဖျော်ဖြေရေး လောကအတွင်းမှာ ကျော်ကြားတဲ့ ကုမ္ပဏီဖြစ်တယ်။ ကုမ္ပဏီမှာ ပထမအဆင့် အနုပညာရှင်နှစ်ယောက်၊ ဒုတိယအဆင့်နဲ့ တတိယအဆင့် အနုပညာရှင်တွေ အများကြီးနဲ့ လူသိမများသေးတဲ့ အနုပညာရှင်တွေ အများကြီးရှိတယ်။

ဒါပေမယ့် သူတို့မှာ ထိပ်တန်း အနုပညာရှင်မရှိ။ နိုင်ငံတကာဈေးကွက်ကို သွားနိုင်တဲ့ ဘုရင်မဆိုတာ နောက်ထားလိုက်တော့။

ဒါပေါ့ ဒါတွေက ရှရှီပေနဲ့ ဘာမှမဆိုင်ပါဘူး။

ကုမ္ပဏီတစ်ခု တိုးတက်ဖွံ့ဖြိုးဖို့ ထိပ်တန်း အနုပညာရှင်အပြင် အခြေခံကလည်း မရှိမဖြစ်ဘဲ။

အက်စ်ဝိုင် ကုမ္ပဏီက နှစ်စဉ် လေ့ကျင့်သူတွေ စုဆောင်းပြီး ဒီနှစ်ပိုင်းအတွင်း ဒီဧရိယာမှာ ကောင်းမွန်တဲ့ ရလဒ်တွေရခဲ့တယ်။

ဖန်းယန် ရှရှီ‌ေပနဲ့ အတူ ကုမ္ပဏီကို ဝင်လာတော့ လူအများရဲ့ အာရုံစူးစိုက်မှုကို ခံရတယ်။

အခုဖန်းယန် လက်ထဲမှာ အရည်အချင်းရှိတဲ့သူမရှိပေမယ့်လည်း သူက အားကောင်းတာကြောင့် လူအများစုက သူ့ရဲ့ အနုပညာရှင်ဖြစ်ချင်ကြတယ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now