အပိုင်း ၇၁

3K 394 1
                                    

Unicode

- မဝစေတဲ့ milk tea

ရှရှီပေရဲ့ အိမ်ကို ရောက်တော့ စုန့်ကျားရန် ဆေးမြစ်တွေဘဲ ရှိတာမဟုတ်ဘူးဆိုတာ တွေ့သွားတယ်။ နို့မှုန့်၊ လက်ဖက်ခြောက် နဲ့ ထူးဆန်းပေမယ့် ရင်းနှီးပုံပေါ်တဲ့ မီးဖိုးချောင်အသုံးအဆောင် နဲ့ ကိရိယာတွေပါ တွေ့ရတယ်။

"နင် ဘာလုပ်နေတာလဲ?"

စုန့်ကျားရန် ရှရှီပေ လုပ်နေတဲ့ အရာကို ကြောင်အအဖြင့် ကြည့်နေတယ်။

"နင် milk tea မကြိုက်ဘူးလား?"

"ကြိုက်တာပေါ့ဟ!" စုန့်ကျားရန် ခေါင်းငြိမ့်ပြီး ချက်ချင်း မျက်လုံးတွေ တောက်ပလာတယ်။

သူမက ဘယ်လိုလုပ် milk tea မကြိုက်ဘဲ နေရမှာလဲ? ဒါပေမယ့် သူမ milk tea သောက်ပြီးရင် တက်လာမယ့် ဝိတ်ကို တွေးကြည့်ပြီး သောက်ချင်တဲ့ စိတ်ကို ထိန်းထားရတယ်။

သူမ တစ်လမှာ တစ်ခွက်ဘဲ သောက်ရတယ်။ အဲ့တာတောင် သကြားပမာဏနည်းတဲ့ ဟာဘဲ သောက်ရတာ။

___သူမ အဲ့လိုသောက်လည်း ဝိတ်ကကျမယ့် ပုံမပေါ်ပါဘူး။

"နင့်ကို ဝိတ်မတက်‌ေစမယ့် milk tea မျိုးဆိုရင်ရော နင်‌ေသာက်မှာလား?" ရှရှီပေ တစ်ဖန်ပြန်မေးလိုက်တယ်။

"ဒါပေါ့!" စုန့်ကျားရန် သူမကို မျက်‌စောင်းထိုးလိုက်တယ်။ "ဘယ်သူကမျာ ဝိတ်မတက်စေတဲ့ milk tea ကို မသောက်ချင်မှာလဲ?"

ဒီနေ့ခေတ်မှာ milk tea ဆိုင်‌တွေက နေရာအနှံ့ အရသာအမျိုးမျိုးရှိတယ်။ ဒါပေမယ့် ဝိတ်မတက်စေမယ့် milk tea ကတော့.....

နောက်နေတာဘဲ ဖြစ်ရမယ်!

အဲ့လို milk tea မျိုးသာ အပြင်မှာ တကယ်ရှိခဲ့ရင် အဲ့ဆိုင်က လူတွေ ပြုံနေလောက်ပြီ!

"နေဦး ငါ နင့်ကို စပရိုက် တိုက်ပြမယ်"

ရှရှီပေ သူမကို  ဘဝင်ခိုက်စွာ မျက်စိမှိတ်ပြလိုက်ပြီး ရေချိုးဖို့ ဆေးမြစ်တွေ ပြင်ဆင်တော့တယ်။

စုန့်ကျားရန် ရေချိုးကန်ထဲ ဆေးမြစ်တွေရဲ့အနံ့များကြား ထိုင်နေတယ်။

ဆေးနံ့တွေက မွှေးကြိုင်တာကြောင့် ငိုက်မြည်းလာတယ်။

မကြာခင်မှာဘဲ ချိုမြိန်တဲ့အနံ့တစ်ခုက လေထဲက ပါလာပြီး သူမကို ချက်ချင်း အိပ်ချင်စိတ်ပျောက်စေတယ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now