အပိုင်း ၁၄၆

2.5K 271 7
                                    

- ထူးဆန်းသော အော်ပရေးရှင်း

"မင်း စတားလုပ်မယ်ဆိုရင် ငါ မင်းကို အားပေးနေမယ်!" ယွီဇီချီ ချက်ချင်း လက်မြှောက်ပြီး ပြောလိုက်သည်။

"ဟားဟား" နျဲ့ဇဲဟိုင် ပြောလိုက်သည်။

ဒီအတတ ကောင်လေးက ဘယ်က ထွက်လာတာလဲ? သူ ပြန်ပေးဆွဲခံရတာဖြစ်ရမယ်!

"ကိုကြီးက ဘာကို ဟားဟားနေတာလဲ?!" ယွီဇီချီ နှာမှုတ်လိုက်သည်။ "ကိုကြီး အခြေအ‌ေနကိုကြည့်ဦး! ကျွန်တော် ကိုကြီးကို အားပေးရဲရင် အန်တီက ကျွန်တော့်ကို သေတဲ့အထိရိုက်လိမ့်မယ်!"

နျဲ့ဇဲဟိုင်ရဲ့ မိဘတွေက သူ့ကို အနုပညာလောကထဲ မဝင်စေပေမယ့် သူက ဆက်လုပ်နေခြင်းဖြစ်သည်။

သူတို့ နျဲ့ဇဲဟိုင်ဆက်လုပ်နေတာကို မတားနိုင်ပေမယ့် သူ့မိဘတွေက သူ့ကို အကူအညီမပေးဘဲ အနုပညာလောကထဲမှာ တစ်ယောက်တည်း ရုန်းကန်ခိုင်းသည်။

သူသာ ဆိုးဆိုးရွားရွား ကျရှုံးသွားရင် သဘာဝကျစွာပင် ပြန်သွားရမည်ပင်။

နျဲ့ဇဲဟိုင်က လူပြောများသည့် "သရုပ်ဆောင်တာ မအောင်မြင်ရင် အိမ်ပြန်ပြီး မိသားစုလုပ်ငန်းကို ဆက်ခံ" ဆိုသည့် လူစားမျိုးပင်။

သို့ပေမယ့် လူနည်းစုကသာ သူ့အခြေအနေကို သိသည်။

ရှရှီပေ ဒါကို သိပေမယ့် သူနှင့် ယွီဇီချီတို့က ဝမ်းကွဲတွေဆိုတာကို မသိ။

နျဲ့ဇဲဟိုင် ယွီဇီချီနှင့် ရန်ဖြစ်ပြီး ရှရှီပေကို ကြည့်လိုက်သည်။ "ငါက မင်းကို အခွင့်အရေးဘဲပေးတာ ဇာတ်ကောင်က မင်းဟာဖြစ်မယ်ဆိုတာ ငါ အာမမခံနိုင်ဘူးနော်"

သူ ရှင်းရှင်းလင်းလင်းလုပ်ရမည် မဟုတ်ရင် ရှရှီပေ နောက်ကျ သူ့ကို အပြစ်တင်လာရင် မကောင်းဖြစ်လိမ့်မည်။

"ကျွန်မ နားလည်ပါတယ်" ရှရှီပေ ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။ "ကျွန်မမှာ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိပါတယ်"

"ကောင်းတယ်!" နျဲ့ဇဲဟိုင် တောက်ပသော အပြုံးပြုံးလိုက်သည်။ "ငါ လည်း မင်းကို ယုံပါတယ်!"

"ငါရောဘဲ!" ရန်ကျွင်းချန် ခေါင်းငြိမ့်လိုက်သည်။

"မင်း လုပ်နိုင်တယ်" ထန်လော်လည်း ထည့်ပြောလိုက်သည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now