အပိုင်း ၇၉

2.8K 384 4
                                    

Unicode

- ပူးပေါင်းမှုကို ဆွေးနွေးခြင်း

စုန့်ထျန်ချင် ဒီမစ်‌တီးတွေက ရှရှီပေ ပြောသလို ကယ်လိုရီနည်းသလားဆိုတာ သူ့လူတွေကို စစ်ဆေးခိုင်းခဲ့သေးတယ်။

ရလဒ်က သူ့ကို အံ့ဩစေတာဘဲ ဘာလို့လဲဆိုတော့ ရှရှီပေ ပြောတာ မှန်နေလို့ဘဲ!

ဒါကြောင့် သူ ရှရှီပေကို အိမ်ဖိတ်လိုက်တာ။

"သမီး ထည့်ပေးလိုက်တဲ့ မစ်တီးတွေကို ဦးလေး စစ်ကြည့်ပြီးပြီဆိုတာ သမီးထင်တယ်" ရှရှီပေ စုန့်ထျန်ချင်ကို ပြုံးပြီး ကြည့်လိုက်တယ်။

"ဟုတ်တယ်" စုန့်ထျန်ချင် ခေါင်းငြိမ့်လိုက်တယ်။ "အဲ့မစ်တီးတွေက တကယ် ကယ်လိုရီနည်းတယ် သူတို့ကို ဘယ်လိုဖျော်လဲ ဆိုတာ ဦးလေးသိလို့ရမလား?"

သူတို့ ဒီလို မစ်တီးမျိုးကို မတွေ့ဖူးပေမယ့်လည်း ဘယ်သူက မစ်တီးက ကယ်လိုရီများတယ်ဆိုတာ မသိလို့လဲ?

"ကျားကျားက ဒီထဲမှာ ဆေးမြစ်တွေထည့်ထားတယ်ဆိုတာ ပြောထားပြီးသာဖြစ်မှာပါ"

စုန့်ထျန်ချင်က ပိုပြီး တုန်လှုပ်သွားတယ်။

"ဆေးမြစ်တွေထည့်တာနဲ့တင်? ဒါပေမယ့် ဒီထဲမှာ ဆေးအရသာမရပါဘူး"

"ဒါကတော့ လျို့ဝှက်နည်းလေ" ရှရှီပေ ယုံကြည်မှုရှိစွာ ပြုံးပြီး ပြောလိုက်တယ်။ "သမီးတို့ စပ်တူလုပ်ရင် သမီး ဦးလေးကို ဖော်မြူလာကို ‌ပြမယ်"

သူတို့ စပ်တူမလုပ်ရင် ဖော်မြူလာပြစရာမလိုတော့ဘူးပေါ့။

စုန့်ထျန်ချင် ဒါကို နားလည်လိုက်တယ်။ ပြီးနောက် သူမေးလိုက်တယ်။ "ကျားကျားက သမီးက ရှယ်ယာတစ်ဝက်ဘဲ ယူမယ်လို့ပြောတာ ဦးလေး ကြားတယ်?"

"ဟုတ်တယ်" ရှရှီပေ ခေါင်းငြိမ့်လိုက်တယ်။ "ပြောရရင် သမီးက ကျောင်းသူတစ်ယောက်ဘဲ ရှိသေးတာ သမီးမှာ လုပ်စရာအများကြီး ရှိသေးတယ် သမီးတို့ စပ်တူလုပ်ရင်တောင် သမီး များများစားစား မလုပ်နိုင်ဘူး ရှယ်ယာတစ်ဝက် ဖော်မြူလာရဲ့ အကျိုးလို့သတ်မှတ်လို့ရတယ်"

စုန့်ထျန်ချင်ရဲ့ အကြည့်က နက်နဲနေတယ်။ "ဦးလေးတို့ ပိုက်ဆံ ရှာပြီးရင် သမီးကိုကန်ထုတ်မှာ သမီး မကြောက်ဘူးလား?"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now