အပိုင်း ၈၁

2.9K 370 3
                                    

Unicode

- ကိုယ့်ဘာကို အရင် ဂရုစိုက်ဦး

ရှရှီပေ ကျောင်းသားတွေက သူမကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်နေတာကို သတိထားမိတယ်။

သူမ ဘာတွေ ဖြစ်နေလဲဆိုတာ စဉ်းစားမိတယ်။

ပြီးနောက် သူမ ကျင်ယာကျန်း သူမဆီကို ထူးဆန်းတဲ့ မျက်နှာအမူအရာနဲ့ လျှောက်လာတာကို တွေ့လိုက်တယ်။

"ရှီပေ လပတ်စာမေးပွဲရ‌လဒ်တွေ ထွက်ပြီ"

ရှရှီပေ သူမကို အေးအေးလူလူသာ ကြည့်လိုက်ပြီး ဘာမှ ပြန်မပြော။

‌ဒါပေမယ့် ကျင်ယာကျန်းက သူမ အမူအရာကြောင့် ဒေါသမထွက်။ အဲ့အစား ပီတိတစ်ဖွားဖွားဖြစ်နေတယ်။

"နင် ဒီလပတ်မှာ ကောင်းကောင်း ဖြေနိုင်ခဲ့တာဘဲ နင်က ငါတို့ အဖွဲ့ထဲမှာ အဆင့်ငါးဘဲ!"

သူမ အမူအရာကို ကြည့်ပြီး ရှရှီပေ ဘာဖြစ်လဲဆိုတာ သိသွားတယ်။

ရှရှီပေရဲ့ အရင်က ရလဒ်တွေက မဆိုးပေမယ့် ကောင်းတယ်လို့လည်း ပြောလို့မရဘူး။ သူမက လယ်အလတ်အဆင့်လောက်ရှိတာ။

သူမမှာ ရှိတဲ့ အချိန်နည်းနည်းလေးနဲ့ အားစိုက်ထုတ်မှုနည်းနည်းလေးကို သုံးပြီး စာလုပ်တော့ အဲ့ရလဒ်တွေက အရမ်းကောင်းတယ်ပြောလို့ရတယ်။

ဒါပေမယ့် ဒီလ လပတ်စာမေးပွဲကတော့ သူမ ရုတ်တရက်ကြီး အဆင့်ငါးထိ ခုန်တက်သွားတယ်။ ဒါက လူတိုင်းကို သူမရဲ့ တိုးတက်မှုကြီးက ကြီးလွန်းတာကြောင့် သိချင်စိတ်ဖြစ်စေတယ်။

"ရှီပေ နင်ဘယ်လို လေ့လာလိုက်တာလဲ? ငါ့ကို သင်ပေးလို့ရလား?"

ကျင်ယာကျန်း ရှရှီပေ စိတ်ထားကြောင့် မရပ်သွား။ အဲ့အစား သူမ ဆက်တိုက်မေးနေပြီး သူမမျက်နှာပေါ်က မလိုမုန်းတီးတဲ့ စိတ်ထားကို ဖုံးကွယ် မထားနိုင်တော့ဘူး။

ရှရှီပေ နောက်ဆုံးတော့ ပြုံးလိုက်ပြီး သူမ နှုတ်ခမ်းက ကွေးတက်သွားတယ်။

"အို့? ယန်ရွှမ့်အမေလုပ်လို့ ရတဲ့ ဒဏ်ရာက ပျောက်သွားပြီလား? နင်က မြန်မြန် ဒဏ်ရာပျောက်လွယ်တာဘဲ ဘယ်ဆေးရုံသွားကုတာလဲ? ငါတို့ကို ပြောပါဦး"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now