အပိုင်း ၁၄၈

2K 212 9
                                    

-ပေပေ့ကို ကြည့်ရှုပေးပါဦး

ထိုလူက ချောင်ရန်ကျွယ်ပင်။

ထိုအရာက ရှရှီပေကို အရမ်း စိတ်မသက်မသာဖြစ်နေသည်။ သူ သူမကို နောက်ယောင်ခံလိုက်နေတာလား?

သူမ ယေဘုယျအားဖြင့် စစ်ဆေးမေးမြန်တာကို ဂရုမစိုက်ဘူး။ သို့ပေမယ့် သူမ၏ လှုပ်ရှားမှုအားလုံး စောင့်ကြည့်ခံနေရသည်နှင့် သူမကို လွတ်လပ်ခွင့်မရှိတာကို မုန်းသည်။

ရှရှီပေ၏ မကျေမနပ်ဖြစ်မှုကို မြင်တော့ ချောင်ရန်ကျွယ် နှလုံးခုန်သွားသည်။ သူ မြန်မြန်ပင် ရှင်းပြလိုက်သည်။ "ကိုယ် မင်းကို အခုခေါ်တော့ ကိုယ်က အနီးနားမှာ ကိုယ် ထွက်သွားတော့မလို့  မင်းကို လမ်းဘေးမှာ ကားစောင့်နေတာမြင်လိုက်တာ"

"တကယ်လား?" ရှရှီပေမျက်ခုံးပင့်ပြီး မေးလိုက်သည်။

"ဒါပေါ့!" ချောင်ရန်ကျွယ် လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။ "ကိုယ် မင်းနောက်လိုက်ကို လိုက်ဖို့ လူလွှတ်ထားတယ်လို့တော့ မထင်ဘူးမလား?"

"ဟားဟား" ရှရှီပေ ရယ်ပြီး သူမနှုတ်ခမ်း တွန့်သွားသည်။

ချောင်ရန်ကျွယ် စွံ့အသွားသည်။ "ကိုယ်က မင်းစိတ်ထဲ မယုံကြည်ရဘူးလား?" သူ မေးလိုက်သည်။

ရှရှီပေ နှာခေါင်းရှုံ့ကာ ဘာမှမပြောပေမယ့် သူမစိတ်ထားက ဝန်ခံနေသလိုပင်။

ထိုအရာက ချောင်ရန်ကျွယ်ကို အနည်းငယ်စိတ်တိုစေသည်။

သို့ပေမယ့် ကျန်းယွီရန်စကားတွေကို တွေးပြီးတော့ ခံပြင်းမှုကို သည်းခံကာ ဆက်ပြောလိုက်သည်။

"မင်းတို့က..."

သူ အရပ်မတူသော ကောင်လေးသုံးယောက်ကိုတွေ့တော့ မနေနိုင်ဘဲ မေးမိသည်။

တစ်ယောက်က အရပ်မရှည်ဘူး တစ်ယောက်က အရမ်းပိန်တယ် ပြီးတော့ အရပ်ပုပု ဝတုတ်တုတ် တစ်ယောက်ကလည်း ရှိသေးတယ်။ အို့ golden retriever တစ်ကောင်နဲ့ chinchilla တစ်ကောင်လည်းရှိသေးတယ်။

သူတို့အကုန်လုံးက ကလေးရှိသေးသည်။ ပြီးတော့ ရှရှီပေ၏ စိတ်ဓာတ်ကိုသိပြီး သူမ ဒိတ်လုပ်တယ်ဆိုရင်တောင် သူမ သူတို့ကို ချစ်သူအနေနဲ့ မြင်မှာမဟုတ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now