အပိုင်း ၁၇၃

1.1K 124 1
                                    

- ငါတို့ ဘာမှ မဆိုင်တော့ဘူး

အိမ်?

အကုန်လုံး သူတို့နားကို စွံ့နေကြသည်။

"နင် ဘာတွေပြောနေတာလဲ?!" လျိုလီရှင်း စိတ်မသန့်စွာဖြင့် ဆဲလိုက်သည်။ "အကြောင်းအရာပြောင်းဖို့ မစဉ်းစားနဲ့!"

ရှရှီပေ ခါးသက်စွာ ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။ "သမီးက အကြောင်းအရာပြောင်းနေတာမဟုတ်ဘူး အန်တီ အသိဆုံးဖြစ်မှာပါ"

သူမ ရှရှဟိုင်ဘက်ကို ကြည့်လိုက်သည်။ "အဖေ အဖေ့မှာ သားသမီးနဲ့ ကိုယ်ပိုင်မိသားစုရှိတယ်ဆိုတာ သမီးသိပါတယ် ပြီးတော့ သမီး အဖေနဲ့ ဘာမှမပက်သက်တော့ဘူးဆိုတာကိုကောပါ့ အဲ့တာကြောင့် သမီး အဖေ့ကို မနှောင့်ယှက်ဖို့ ဆုံးဖြတ်ထားတာ..."

"ကြားလို့ကောင်းတာပေါ့!" လျိုလီရှင်း ပေါက်ကွဲသွားသည်။ "ဒါပေမယ့် နင် ငါတို့ကို ငြိမ်းချမ်းအောင် ထားမယ်ဆိုရင် နင် ဘာလို့ ဒီကို ရောက်နေရတာလဲ?"

"သမီးက ဖြတ်သွားရင်း သူတို့ဆီ သွားလည်မလို့ တွေးနေတာ" ရှရှီပေ ခါးသီးစွာ ပြုံးလိုက်သည်။ "မစိုးရိမ်ပါနဲ့ သမီး သူတို့နား မသွားပါဘူး ကုန်ကုန်ပြောရရင် သမီး အဖေနဲ့ ဆွေကန်းမျိုးကန်းဖြန်တဲ့ စာကို လက်မှတ်ထိုးပြီးသွားပြီးပြီလေ...."

"ဆွေကန်းမျိုးကန်းဖြတ်တဲ့စာ?!"

လူတွေက ရှော့ရသွားသည်။ ကြားရသည်မှာ ကြောက်စရာတစ်ခုလိုပင်။

လျိုလီရှင်း တကယ် မှင်သက်သွားပြီး ရှရှဟိုင်၏ လက်မောင်းကို ဆွဲညှစ်လိုက်သည်။ "ရှင် ဘယ်တုန်း အဲ့လိုဟာကို လက်မှတ်ထိုးလိုက်ရတာလဲ?"

ရှရှဟိုင် သူမလက်ကို ဖြုတ်လိုက်ပြီး ရေရွတ်လိုက်သည်။ "ငါတို့ အိမ်ပြန်ရောက်ရင် ပြောပြမယ်"

လူတွေဆီကလာသည့် ရွံရှာသည့်အကြည့်တို့က သူ့ကို အင်အားကုန်ခမ်းလုနီးပါးဖြစ်စေသည်။ သူ ဒါတွေကို ဒီမှာ ဘယ်လို ဖွင့်ချရမှာလဲ?

"သမီးတို့ အရင်လအစောပိုင်းတုန်းက ထိုးထားတာ" ရှရှီပေ အစားဖြေလိုက်ပြီး သူမမျက်လုံးတို့က မျက်ရည်ဥဥနေသည်။ "အဖေက အိမ်ကို သမီးနာမည်ပြောင်းပေးပြီး ဆွေကန်းမျိုးကန်းဖြတ်တဲ့ စာချုပ်ကို လက်မှတ်ထိုးခဲ့ကြတာ သမီးတို့က အဲ့အချိန်ကတည်းက ဘာမှ မသက်ဆိုင်တော့ဘူး"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now