သမီး သူ့ကို လုံးဝမရိုက်ဘူး

3.5K 444 0
                                    

Unicode

ယန်ရွမ့်ရဲ့ အမေ စိတ်ထားက ဆရာ‌မတွေရဲ့ မျက်နှာမှာ မျက်မှောင်ကြုံ့စေတယ်

"မဒမ် ရှယ် စိတ်အေးအေးထားပါ ကျွန်မတို့ အေးအေးဆေးဆေး ပြောလို့ရပါတယ်" ရှရှီပေရဲ့ အတန်းအကြံပေးဆရာ ဆရာလျိုက အသံတိုးတိုးနဲ့ သူမျက်မှာပေါ်မှာ စိုးရွားတဲ့ ပုံစံနဲ့ ပြောလိုက်တယ်

"အေးအေးဆေးဆေး ပြောရမယ်? အဲ့သောက်ကျိုးနဲ့ ကောင်မစုတ်လေးက ကျွန်မတို့ ရွှမ်ရွှမ်ကို ရိုက်ထားတာ ကျွန်မတို့ ရွှမ်ရွှမ်လေး ဘယ်လောက် ဒဏ်ရာရ နေတယ်ဆိုတာ ရှင်တို့ မမြင်ဘူးလား?"

ယန်ရွှမ်ရဲ့ အမေက ကိုယ့်ကိုကိုယ် မထိန်းဘဲနဲ့ အာကျယ်အာကျယ်နဲ့ ထောင်လွှားစွာပြောနေတယ် ပိုဆိုးတာက သူမက ရှရှီပေနား အပြေးသွားပြီး သူမပါးကို ရိုက်ချင်တဲ့ စိတ်ကို ထိန်းထားရသေးတယ်

"ဆရာကျန်း...." ဆရာလျိုက ယန်ရွှမ်ရဲ့ အတန်းကိ အကြံပေးဆရာကို မျက်စပစ်ပြပြီး စကားဝင်ပြောရန် ကြည့်လိုက်တယ်

သူတို့ ယန်ရွှမ်ရဲ့ စကားတွေကို ယုံခဲ့သမျှ ရှရှီပေကို မြင်တဲ့အခါ သံသယတွေ အကုန် ရှင်းသွားတယ်

သူမ မျက်နှာက ဖျော့တော့နေတယ် လှပပေမယ့် သနားစရာ မိန်းမငယ်လေးလို အနည်းငယ်မျက်တွင်း ကျနေတယ်

ဒါ့အပြင် သူမက အမြဲတမ်း သိုသိုသိပ်သိပ်နေတတ်ပြီး ဘယ်တော့မှ ပြဿနာ မရှာဖူးဘူး သူမက ယန်ရွှမ်ကို ရိုက်တယ်ဆိုတာ ပျက်လုံးကြီး တစ်ခုလိုဘဲ! ငယ်ငယ်ရွယ်ရွယ်မှာ ရည်းစားထားတာကတော့ ပိုလို့တောင် မဖြစ်နိုင်သေး

"မစ္စတာ ယန် ကျွန်တော်တို့ ဒီကိစ္စကို ဆုံးဖြတ်ချက်မချခင်မှာ အရှင်ဆုံး စိတ်ငြိမ်ငြိမ်ထားပြီး ကိစ္စ တစ်ခုလုံး နားလည်အောင် အရင် ကြည့်ရအောင်" ဆရာ ကျန်းက မစ္စတာယန်ကို ကြည့်ပြီး တောင်းပန်တိုးလျှိုစွာ ကြည့်လိုက်တယ်

"ဘာလို့ နားလည်အောင်ကြည့်နေရမှာလဲ? တော်တော် သိသာနေပြီ မဟုတ်ဘူးလား? သူမက မိန်းမကောင်းမဟုတ်ဘူးဆိုတာ ကျွန်မသိတယ် သူမက အရင်က ရွှမ်ရွှမ့်ကို အရှက်မရှိ တွယ်ကပ်နေတာ ဒါပေမယ့် ကျွန်မတို့ ရွှမ်ရွှမ်က စာဘဲ သင်ချင်တာ သူက သူမနဲ့ မတွဲချင်ဘူး ဒါကြောင့်မလို့ သူမက သူ့ကို ရိုက်လိုက်တာ! ကောင်မစုတ်လေး...."

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now