အပိုင်း ၁၈၅

568 66 2
                                    

-ဤနေရာတွင် နေခြင်း

လျိုမန်ဟုန် ရှရှီပေ၏ သဘောတူညီချက်ကို ရပြီး သူမ ချက်ချင်းပြောလိုက်သည်။ "အစ်မအပေါ်ထပ်မှာ နှစ်အိမ်ရှိတယ် နှစ်ခုလုံးက အိပ်ခန်းသုံးခန်းနဲ့ ဧည့်ခန်းတစ်ခုရှိတယ် ဧရိယာက အရမ်းမကြီးဘူး ဒါပေမယ့် မင်းတစ်ယောက်တည်းနေဖို့တော့ လုံလောက်တယ် မင်း လိုချင်ရင် အခုကတည်းက ကြည့်လို့ရတယ်"

"အိမ်ဌားခက ဘယ်လောက်လဲ?"

"ငှားခ ပေးစရာမလိုဘူး!" လျိုမန်ဟုန် သူမကို အိမ်ပြင် မြန်မြန်ခေါ်သွားသည်။ "အကုန်လုံးက ငါ့ဟာတွေဘဲ အဲ့တာကြောင့် အိမ်ငှားခတွေ မလိုဘူး! ငါသာ မင်းဆီကနေ အိမ်ငှားခ တောင်းရဲရင် ကင်းချူက ငါ့ကို ကုတ်ခြစ်‌လိမ့်မယ်!"

ကင်းချူ သူ့နာမည်ကို ကြားတော့ ချက်ချင်းဟောင်ကာ ထိုစကားကို အရမ်း ဂုဏ်ယူသွားသည်။

လျိုမန်ဟုန်နေသည့် အိမ်က အိမ်နှစ်ခုကို ဆက်ထားပြီး နှစ်ရာ စကွဲမီတာလောက်ရှိသည်။

သူမက အခြားသူတွေ ဆူညံနေတာကို မကြိုက်၍ သူမအိမ်၏ အထက်နှင့် အောက်က အိမ်နှစ်လုံးစလုံးကို ဝယ်ယူထားသည်။ ထိုနည်းဖြင့် စိတ်အနှောင့်အယှက်ပေးသော အိမ်နီးချင်းတွေ ရှိမှာ မဟုတ်တော့။

ရှရှီပေ အပေါ်ထပ်မဟုတ်ရင် အောက်ထပ်တွင် နေနိုင်သည်။ 

ရှရှီပေ လျိုမန်ဟုန်၏ ရှင်းလင်းချက်ကို နားထောင်ပြီး မှင်သက်သွားသည်။

သူမက တကယ်ဘဲ ချမ်းသာတာဘဲ!

အခြားသူတွေက အိမ်တစ်အိမ်ကို ဝယ်ဖို့ ရုန်းကန်နေရချိန် သူမက အိမ်ခြောက်လုံး ဝယ်ထားတာ!

ဆင်းရဲခြင်းက လူတစ်ယောက်ရဲ့ စိတ်ကူးယဉ်တာကို ကန့်သန့်လိုက်တာဘဲ

မကြာခင်ပင် လူသုံးယောက်နှင့် ခွေးတစ်ကောင်တို့ အပေါ်ထပ် အောက်ထပ်က အိမ်တွေကို ကြည့်ပြီးသွားသည်။

ထိုအိမ်များ၏ တည်ဆောက်ပုံက တူညီနေပြီး သူတို့ကို ပြင်ဆင်တုန်းက အများကြီး မရှိ။

"ပုံမှန်ဆို ငါ့သူငယ်ချင်းတွေ လာရင် သူတို့ကို ဒီမှာ ‌နေခိုင်းတာ အထဲမှာ ပစ္စည်း များများစားစားမရှိဘူး မင်း ပြောင်းလာချင်ရင် များများ ဝယ်လာခဲ့"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now