အပိုင်း ၃၆

3.6K 454 2
                                    

Unicode

-သူက ပိုက်ဆံကို အခြားသူနဲ့ ဖြုန်းခဲ့တာ

"ယန်ရွှမ်!" ဆရာကျန်း ယန်ရွှမ့်ကို အေးစက်ပြီး ခက်ထန်သော မျက်နှာဖြင့် ကြည့်ပြီး အော်လိုက်သည်။ " မင်း အခြေအနေတွေက ဒီအထိ ရောက်နေတာကို ငြင်းချင်သေးတာလား?"

သူက ရှရှီပေရဲ့ ပိုက်ဆံချေးတာကို ငြင်းပြီး သူမက သူ့ကို ရိုက်တယ်ဆိုပြီးတောင် စွပ်စွဲခဲ့တာ

ကောင်းတယ်! အခုတော့ သက်သေကသူ့မျက်နှာရှေ့ရောက်နေပြီ သူ ငြင်းလို့မရတော့ဘူး ဒါပေမယ့် ဒစ်စကောင့်အနေနဲ့ ဒေါ်လာ ၁၀၀၀၀ ဘဲ ချေးတယ်ဆိုပြီး ပြောနေသေးတယ်!

သူ့လိုလူမျိုးက ယုံကြည်စရာ မကောင်းလိုက်တာ!

ယန်ရွှမ် စိုးရိမ်တာတွေ စိတ်တို‌တာတွေနဲ့ စိတ်ထိခိုက်မှုတွေကို တစ်ခါတည်း ခံစားလိုက်ရတယ်

"ကျွန်တော် တကယ် ၁၀၀၀၀ဘဲ ချေးခဲ့တာ...."

"တိတ်စမ်း!" ဆရာလျို စိတ်ဆိုးမာန်ဆိုး ပြောလိုက်တယ် "စောစောတုန်းက မင်းက ပိုက်ဆံ‌မချေးဘူးပြောတယ်! ဘာပြောင်းလဲသွားလို့လဲ?"

"ယန်ရွှမ်" ဆရာကျန်း မျက်နှာတည်တည်နဲ့ ပြောလိုက်တယ်" ငြင်းနေတာတွေ အကုန် ရပ်လိုက်တော့ ကိုယ့်ကိုကိုယ် အရှက်မခွဲချင်နဲ့တော့!"

"ဆရာတို့ ကျွန်မတို့ ရွှမ်ရွှမ် က ဘာပိုက်ဆံမှ မချေးခဲ့ဘူး! သူက ခုမှ‌ ကျောင်းသားရှိသေးတယ် သူ့မှာ သုံးစရာ နေရာမရှိဘူး ဘယ်လိုလုပ် အဲ့လောက် အများကြီးကို ချေးမှာလဲ?"ယန်ရွှမ့်အမေက ပေါက်ကွဲနေတာတွေကို ရပ်လိုက်ပေမယ့် သူမသားက အဲ့လို လုပ်တာကို မယုံနိုင်သေးဘူး

"သူက သူ့အဖိုး နေမကောင်းဘူးပြောလို့ ယွမ်၃၀၀၀ ချေးပေးခဲ့တယ် နောက်ကျ သူ့အဖေက ‌ကားအက်စီးဒန့် ဖြစ်လို့ ခြေထောက် ဖြတ်ရမယ်ဆိုတော့ နောက်ထပ် ယွမ် ၄၀၀၀ ချေးပေးခဲ့တယ် နောက် သူ့အမေ လက်မောင်းကျိုးတယ် ပြောလို့....." ရှရှီပေ သူမ စီထားတဲ့ အကြောင်းပြချက်တွေကို ရှင်းရှင်းလင်းလင်း စီရီပြောလိုက်တယ်

ယန်ရွှမ် မူမမှန်တဲ့အကြောင်းပြချက်နဲ့ ပိုက်ဆံချေးတာတွေက သူမပြောတာနဲ့ဆင်တူတယ် ကွဲပြားတာက ခံရသူက တစ်ချိန်လုံး သူ့ရဲ့ သေသွားပြီဖြစ်တဲ့ အဖိုးဘဲ

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now