အပိုင်း ၁၆၁

1.7K 187 0
                                    

-ကိုယ့်ရှူးကိုယ်ပြန်ပက်ခြင်း

ကျင်ယာကျန်း နောက်ကို မသိလိုက်မသိဘာသာ ဆုတ်ရင်း သူမမျက်နှာက ဖြူဆုတ်သွားသည်။

သို့ပေမယ့် သူမနောက်ကလူက သူမကို ရှေ့ကို တွန်းထုတ်လိုက်သည်။

ကိုကြီးလျန် သူမကို ဆွဲလိုက်ကာ တောက်ပသော အပြုံးပြုံးပြလိုက်ပေမယ့် သူ့မျက်လုံးတွေက အငြှိုးအတေးတို့ဖြင့် ပြည်‌့နေသည်။

"ဘေဘီ ဘယ်လိုဖြစ်တာလဲ? မင်း မနေ့ကမှ ငါ့အိပ်ရာထဲက ထွက်လာတာလေ ဘောက်မဲ့ကြောင့် ကိုယ့်ကို မမှတ်မိရတာလဲ?"

"ရှင်...ရှင်..."

ကျင်ယာကျန်းနှလုံးက ဒုန်းဆိုင်း ခုန်ပေါက်ကာ ဘာမှ ပြောမထွက်။

မျက်လုံးအကုန်လုံးက သူမဆီကျရောက်လာပြီး သူမအသားတို့ကို ဓားနှင့် ဖြတ်တောက်နေသလိုပင်။

"ရပါတယ် မင်း မမှတ်မိရင်လည်းရပါတယ် ကိုယ် မှတ်မိအောင် ပြန်လုပ်ပေးမယ်"

ကိုကြီးလျန် နှုတ်ခမ်းထောင့်က တွန့်ကွေးသွားကာ ဖုန်းကို နှိပ်လိုက်သည်။

ထို့နောက် မရှင်းလင်းသော အသံထွက်လာသည်။

"ကိုကြီးလျန်...အာ့....ထပ်ပြီး...."

သူတို့ အသံကို ကြားတော့ အကုန်လုံး အမူအရာက ပြောင်းသွားသည်။

ဝိုး တော်တော်ထန်တာဘဲ!

ကျင်ယာကျန်း မျက်လုံးက ရုတ်တရက် ပြူးကျယ်သွားကာ သူမမျက်နှာအရောင်က လုံးဝမရှိတော့။

ဘယ်လို...ဘယ်လိုလုပ် သူဒါတွေကို မှတ်တမ်းတင်ထားရတာလဲ?!

ဘေးပတ်ဝန်းကျင်ကလူတွေက သူတို့နားကို ပိတ်ထားချင်သွားသည်။ သူတို့ သူတို့နှစ်ယောက်ကို ရွံရှာစွာ ကြည့်လိုက်သည်။ အထူးသဖြင့် ကျင်ယာကျန်းပင်။ အကုန်လုံး အမှိုက်တစ်စကို မြင်လိုက်ရသလိုပင်။

သူမအသက်အရွယ်ငယ်ငယ်လေးမှာတင် အသက်ကြီးသော ယောက်ျားတစ်ယောက်နှင့်တွဲသည်က ရွံစရာကောင်းနေပြီ ပြီးတော့ အဲ့ကိစ္စတွေကို လုပ်တယ်? ‌ဆိုးရွားလွန်းလှပါတယ်ကွာ!

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now