အပိုင်း ၁၉၀

581 58 5
                                    

- ညီမများကို ရှင်းလင်းခြင်း

ချောင်ရန်ကျွယ်ကို ကျေနပ်စေသည့်အရာက သူတို့ ထွက်သွားပြီးသည့်နောက်တောင် ထိုကြောင် ပေါ်မလာ။

ဟန်နီ၏ သခင်က ဤနေရာနှင့်ဝေးကာ မြို့၏ အခြားတစ်ဖက်တွင်နေမှန်း သူ နောက်ပိုင်းကျမှသိလိုက်သည်။

သူ ထိုအကြောင်းကို ကြားသိလိုက်သည်နှင့် ကျေနပ်မှုအကြီးကြီးရသွားသည်။

ရှရှီပေ ချောင်ရန်ကျွယ်စိတ်ထဲ ဘာတွေရှိနေမှန်းမသိ။ အင်တင်တင်ဖြစ်နေသော ဟက်စကီနှစ်ကောင်ကို နှစ်သိမ့်ပြီး သူမ စုန့်ကျားရန်နှင့် တွေ့ဖို့သွားလိုက်သည်။

နှစ်ပတ်ကြာတော့ စုန့်ကျားရန်ဆီ သိသာမြင်သာသော ပြောင်းလဲမှုများပေါ်လာပြီဖြစ်သည်။

သူမ အရင်က‌ထက် အများကြီး ပိန်လာပြီဖြစ်ကာ သူမကို အရမ်းလှပစေသည်။

သူမလက်ထဲတွင် မစ်တီးတစ်ခွက်ရှိနေပြီး သောက်နေသည်။ သူမ ရှရှီပေ လာတာကို မြင်တော့ သူမ ချက်ချင်း တက်ကြွသွားကာ ရှေ့ထွက်ပြီး သူမကို ကြိုဆိုလိုက်သည်။

"နင် အဆင်ပြေရဲ့လား?"

ရှရှီပေ ဒီနေ့ခွင့်ယူထားတာကြောင့် သူမ ရှရှီပေ အကြောင်းကို အင်တာနက်ကြည့်ပြီးမှ သိရသည်။

ရှရှီပေကြောင့်သာမဟုတ်ရင် အခြေအနေက ပိုပြီး ဆိုးရွားနိုင်သည်။

ကျောင်းက လူတွေတောင် ရှရှီပေ ကလေးတွေကို ကယ်တာနှင့် သူမ၏ နောက်ခံအကြောင်းကို သိသည်။

"ငါ အဆင်ပြေပါတယ်" ရှရှီပေ တောက်ပသော အပြုံးနှင့် ခေါင်းရမ်းပြလိုက်သည်။ "ငါ ငါ့အပိုင်းက အကုန်လုံးကို စာရင်းရှင်းပြီးသွားပြီ"

"တကယ်လား?"

စုန့်ကျားရန် ရှရှီပေ၏ အခြေအနေကို သေချာသိကာ ရှရှီပေ သူမမိဘတွေနှင့် စောစောကတည်းက အဆက်အသွယ်ဖြတ်လိုက်တာကို သိသည်။

တော်တော်ရိုးရှင်းသည်ထင်ရပေမယ့် တကယ်တန်းကြတော့ စိန်ခေါ်မှုတစ်ခုလိုပင်။

သူမ ပြဿနာက ဘယ်လို ဖြေရှင်းပြီးသွားလဲဆိုတာ သိချင်နေသည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now