အပိုင်း ၁၁၅

2.5K 275 4
                                    

Unicode

- လက်မှတ်တစ်ခုအတွက် လေးသိန်း

လျိုလီရှင်း ထျန်မေယွင် သူမကို ပြောပြသည့်အရာကို ပြောပြလိုက်သည်။

"သူမ အခု ဆယ်လီ ဖြစ်ချင်နေတယ်လို့ ကျွန်မ ကြားတယ် ဒါပေမယ့် မိဘတစ်ယောက်ယောက်ရဲ့ လက်မှတ်လိုလိမ့်မယ် အဲ့တာကြောင့် ကျွန်မတို့ ဒါကို အသုံးချပြီး ပိုက်ဆံနဲ့ လဲရမယ်!"

သူမ ရှရှီပေ စိတ်ထဲ ဘယ်လို ရှုပ်ရှုပ်ထွေးထွေး အ‌ေတွးတွေ ရှိနေတယ်မသိပေမယ့် သူမကို ဆယ်လီဖြစ်လာစေမယ့် အခွင့်အရေးကြောင့် လေးသိန်းနဲ့ လက်မှတ်တစ်ခု လဲရမယ်ဆိုရင်တောင် လဲမှာပင်။

သူတို့ရဲ့ အတိတ်က ခိုးကြောင်ခိုးဝှက် ဆက်ဆံရေးကြောင့် လျိုလီရှင်း ရှရှီပေကို တကယ် မနှစ်မျို့ဘူး။

အရင်က ရှရှီပေကြောင့်သာမဟုတ်ရင် ရှရှဟိုင် တုန့်လန်ရှုကို ‌ဟိုးအစောကြီးကတည်းက ကွာရှင်းပြီးနေပြီ။

ရှရှီပေက ကလေးဖြစ်လို့ အပြစ်ကင်းပေမယ့်လည်း လျိုလီရှင်း သူမရင်ထဲက ခါးသက်မှုတွေကို မထိန်းချုပ်နိုင်ဘူး။

အဲ့တာကြောင့် သူမ အရင်နှစ်တွေအများကြီး‌ထဲမှာ ရှရှီပေနဲ့ အဆက်အဆံမရှိခဲ့တာ။

ရှရှီပေ သူတို့အိမ်ကို ပြဿနာလာမရှာဘူးဆိုရင် သူမ အတွက် ယွမ်သုံးရာတောင် အကုန်အကျခံမှာမဟုတ်ဘူး!

ဒါပေမယ့် အခုတော့ ရှရှီ‌ေပလက်ထဲမှာ ယွမ် လေးသိန်းရှိနေပြီ!

သူတို့ကြားက အချစ်အမုန်းတွေကို ချန်ထားပြီး မေ့လိုက်လို့ရနေပါပြီလေ။

ပြီးတော့ သူတို့ တိုက်ရိုက်ကြီး ပိုက်ဆံလိုက်တောင်းနေရင် ရှရှီပေ ပိုက်ဆံပေးမှာမဟုတ်ဘူး။

ဒါပေမယ့် အခု ရှရှီပေ ဆယ်လီဖြစ်ချင်နေတာ မဟုတ်ဘူးလား?

"သူမက ဆယ်လီဖြစ်ချင်တယ်?" ရှရှဟိုင် ခဏလောက် ကြောင်သွားပြီး သူ့မျက်နှာ ပျက်သွားသည်။ "အဓိပ္ပာယ်မရှိတာ! ဆယ်လီဖြစ်ဖို့ လွယ်တယ်များ ထင်နေလား? သူမမှာဘာရှိလို့လဲ!"

ရှရှီပေက စကေးမရှိ ပင်ကိုယ်အရည်အချင်းမရှိ။

သူမက ကြည့်ကောင်းပေမယ့်လည်း ဖျော်ဖြေရေးလောက ဘယ်တုန်းကမှ ကြည့်ကောင်း‌တဲ့သူတွေ လျော့နည်းမသွားဘူး။ သူမလို ပင်ကိုယ်အရည်အချင်း နည်းနည်းလေးတောင် မရှိတဲ့သူက သူမမှာ ဘာမှမရှိလောက်ထဲအထိကို အသုံးချခံရပြီး အမြတ်ထုတ်ခံရမှာမဟုတ်လား?

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now