ငါနင့်ကို ယုံတယ်

3.7K 453 3
                                    

Unicode

သူမအ‌ေရှ့မှာ ပိတ်ရပ်နေတဲ့ ရှရှီပေကို ကြည့်ပြီး စုန့်ကျားရန်ရဲ့ နှုတ်ခမ်းတွေ တွန့်ကွေးသွားတယ်။ "နင်တကယ် ဘာလိုချင်နေတာလဲ?!"

ဒီလို တွေ့ဆုံခြင်းက သူမထင်ထားတာနဲ့ လုံးဝကွဲပြားနေတယ်။

သူမ ထင်ထားသလို ရှရှီပေသာ ယန်ရွှမ်ရဲ့ ရည်းစားနောက်တစ်ယောက်ဆိုရင် သူမကို ပညာပေးမလို့ စီစဉ်ထားတာ

အခု ဒီလို ဖြစ်လာမယ်လို့ ဘယ်သူက ထင်မှာလဲ!

အရေးကြီးတာက ရှရှီပေက သူမကို လွှတ်ပေးဖို့ စိတ်ကူးမရှိဘူး ထင်ပါရဲ့!

ရှရှီ‌ပေ သူမနား ပြုံးပြုံးလေး ချဉ်းကပ်လာပြီး ရုတ်တရက် သူမ လက်ကောက်ဝတ်ကို ဆွဲယူလိုက်တယ်

"နင် ဘာဖြစ်ချင်နေတာလဲ?!"

နောက်က ကောင်မလေးတွေလည်း အထိတ်တလန့် ဖြစ်လာတယ်

သူတို့ အပြေးထွက်မလာခင် ရှရှီပေ ပြောလိုက်တယ်" နင် အခုတလော ညတိုင်း အိပ်ရေးပျက်နေတာမလား?"

စုန့်ကျားရန် အံ့အားသင့်သွားတယ် "နင် အဲ့တာကို ဘယ်လိုသိတာလဲ?"

"နင့်ရဲ့ သွေးကြောကို စမ်းကြည့်ပြီးတော့ပေါ့"

ရှီရှရယ် ရဲ့ အပြုံးက တည်မြဲမနေဘူး "ဒါပေမယ့် နင်က နေ့ဘက်ဆို လွယ်လွယ် ပင်ပန်းလွယ်ပြီး အိပ်တဲ့ ဟာကလည်း အဆင်မပြေဘူး နင့် နှလုံးကလည်း မကြာခနဆိုသလိုတုန်နေပြီး ဓမ္မတာ ဖြစ်ရင်လည်း အရမ်းဆိုးတယ် .... ငါမှန်တယ်မလား?"

စုန့်ကျားရန် မျက်လုံး ပြူးသွားတယ် "နင် အဲ့တာကို ဘယ်လိုလုပ်သိရပြန်တာလဲ?!"

ပြောထားတဲ့ ချို့ယွင်းချက်အားလုံး သူမမှာ ရှိနေတယ် ဒါပေမယ့် သူမ ဘယ်သူ့ကိုမှာ ပြောမပြထားဘူး!

"ငါနင့်ကို ပြောပြီးသားဘဲ နင့်သွေးကြောစမ်းကြည့်ပြီးတော့ပါဆို" ရှရှီပေ မျက်ခုံးပင့်လိုက်ပြီး သူမအနား ကပ်သွားလိုက်ကာ နားထဲ တိုးညှင်းစွာ ပြောလိုက်တယ်" ဒီလို ဆက်သွားနေမယ်ဆိုရင် နင် မြုံသွားလိမ့်မယ်!"

မြုံမယ်?!

စုန်ကျားရန် နှလုံး တစ်ချက်ခုန်သွားပြီး သူမ အ‌ရှေ့က ယုံကြည်မှု ပြည့်ဝနေတဲ့ ကောင်မ‌ေလးကို မယုံကြည်စွာ ကြည့်လိုက်တယ် အတွေးတစ်ခုက သူမခေါင်းထဲ ဝင်လာတယ်

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now