စုန့်ကျားရန်

3.9K 483 0
                                    

Unicode

ခေါင်းဆောင်ကောင်မလေးက အရပ်က ၁၆၀ စင်တီမီတာတောင် မပြည့်ဘူး ဒါပေမယ့် ပြည့်ပြည့်ဖောင်းဖောင်းလေး

သူမရဲ့ မျက်နှာပေါ်မှာ အဆီတွေများလွန်းလို့ မျက်နှာပေါက်တောင် သေချာမမြင်ရဘူး

သူမရဲ့ မျက်စောင်းနဲ့ ဖောင်းပွနေတဲ့ မျက်နှာ ဗိုလ်ကျချင်တဲ့ ပုံစံက သူမကို ပိုပြီး အကျည်းတန်ကြောက်စရာကောင်းစေတယ်

သူမနောက်မှာ မိန်းလေးလေး လေးယောက်ပါတယ် သူတို့အကုန်လုံး အရပ်ရှည်ပြီး ကြံ့ခိုင်ကြတဲ့ပုံစံက သူတို့ကို သူတော်ကောင်းလေးယောက်ပုံစံ ပေါ်နေစေတယ်

ရှရှီပေကို အနီးကပ် မြင်လိုက်ရတော့ ကောင်မလေးရဲ့ မျက်လုံးထဲမှာ မနာလိုမှုတွေ ဖြတ်ပြေးသွားတယ်

သူမက ရှရှီပေလို ပျော့ပျောင်း ပိန်သွယ်တဲ့ မိန်းမလှလေးတွေကို အမုန်းဆုံးဘဲ!

"ငါက ရှရှီပေ ဘာကူညီပေးရမလဲ?"

သူမရှေ့က ကောင်မလေးကို ကြည့်လိုက်ပြီး ရှရှီပေ စိတ်ထဲမှာ ကြိတ်ရယ်နေလိုက်တယ် သူမက ထင်ထားတဲ့ အတိုင်း ရောက်လာတာဘဲ

သူမ နာမည်က စုန့်ကျားရန်(ကျားရန်က အလှလေးလို့ အဓိပ္ပာယ်ရ) သူမ နာမည်က လှပေမယ့်လည်း သူမ ရုပ်ရည်က သူမ နာမည်နဲ့ မလိုက်ဖက်ဘူး

သူမက ငယ်ငယ်လေး ကတည်းက ဝတာ အခုဆို ပိုတောင် ဝလာသေးတယ်

အရပ် 160 စင်တီမီတာ ဝိတ်85 ကီလိုနဲ့ကတော့ သူမ သွားလေရာတိုင်း အာရုံစိုက်ခံနေရတော့မှာ

သူမလို ဝတုတ်မတွေက များသောအားဖြင့် အနိုင်ကျင့်ခံရတယ် ဒါပေမယ့် သူမအဖေက ဒီဧရိယာမှာ အင်အားတောင့်တဲ့ ဂန်းစတား

အဲ့တာကြောင့် သူမ ကျောင်းလာရင် ခေါင်းမော့ ရင်ကော့ပြီး လာတာ

ရှရှီပေနဲ့ သူမ တွေ့တာကလည်း အကုန်လုံး ယန်ရွှမ့်ကြောင့်

ဘာလို့လဲ ဆိုတော့ သူမက ယန်ရွှမ့်ရဲ့ ရည်းစား‌ေတွထဲက ... တစ်ယောက်

ယန်ရွှမ် ရှရှီပေနဲ့ သူ့ရဲ့ ဆက်ဆံရေးကို ချမပြရတာလည်း စုန့်ကျားရန်ကြောင့်

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now