ရဲခေါ်ချင်တယ်

4.3K 537 0
                                    

Unicode

တန်ကျီချန်း စကားပြောနေတုန်းမှာဘဲ ရှရှီပေ ရဲ့ မျက်လုံးများ အေးစက်သွာတယ် သူမ သူ့ရဲ့ ဗိုက်ကို ခြေထောက်နဲ့ ရွယ်လိုက်ပြီး ထိုင်ခုံတွေ ပျက်စီးသွားအောင် အထိ လွင့်ထွက်သွားအောင် ကန်လိုက်တယ်

တန်ကျီချန်း ဆွံ့အသွားတယ် ဒါပေမယ့် သူ ဘာမှ မပြောခင်မှာဘဲ သူ ရှရှီပေရဲ့ ခြေထောက် နောက်တစ်ခေါက်ကြွတာကို မြင်လိုက်ရတယ် သူမ သူ့ကို မြေကြီး ပေါ်ကနေ ဆွဲမပြီး သူ့ရဲ့ ဗိုက်ကို ထိုးလိုက်တယ်

"အား__!"

တန်ကျီချန်း သူ့ရဲ့ အတွင်းကလီစာတွေ ကျေမွ သွားသလို ခံစားလိုက်ရတယ် သူ့ရဲ့ ချွေးအေးတွေကလည်း မိုးသည်းသည်းမည်းမည်း ရွာသလို စီးကျလာတယ်

သူ့ရဲ့ စိတ်ထဲမှာ ဗလာ နတ္ထိဖြစ်နေတယ် ရှရှီပေ ဘယ် အချိန်တုန်းကများ ဒီလောက်ထိ ရက်စက်လာရတာလဲ?

သူက ၁၈၀ စင်တီမီတာ လောက်ရှိတယ် ရှရှီပေရဲ့ နှစ်ဆလောက်ပေါ့ ဒါပေမယ့် သူ သူမအရှေ့မှာ ရပ်လိုက်တဲ့အခါမှာ ပြန်တိုက်ဖို့ ခွန်အားနည်းနည်း လေးတောင် မရှိတော့ဘူး

ဘာက သူ့ကို ပိုပြီး ထိတ်လန့်စေလဲဆိုတော့ ရှရှီပေ ရဲ့ တစ်ချိန်လုံး တည်ငြိမ်နေတဲ့ အမူအရာဘဲ သူမလုပ်နေတဲ့ အရာအတွက် စိတ်ထိခိုက်မှုနည်းနည်း လေးတောင် မရှိသလိုဘဲ

__သူမတကယ် သူ့ကို သတ်ချင်နေတာ

တန်ကျီချန်းရဲ့ ဆံပင်မွေးတွေပါ ထောင်ကုန်တယ် ပြီးတော့  သနားအောင်လို့ အမြန်မြန် တောင်းပန်ရတော့တယ် "ငါပေးပါ့မယ်! ပိုက်ဆံ ပေးပါ့မယ်! မရိုက်ပါနဲ့တော့!"

တုံ့ပြန်တဲ့ သဘောမျိုးနဲ့ ရှရှီပေ သူ့ရဲ့ ဗိုက်ကို ထိုးလိုက်တယ်

"အ!" 

"ဆောရီး အကျင့်ပါနေလို့"

ရှရှီပေ လုံးဝ စိတ်ထဲကမပါတဲ့ တောင်းပန်မှုမျိုးနဲ့ သူ့ကို ဘေးတွန်းထုတ်လိုက်တယ် 

ဒါပေမယ့် သူ ဘာမှ မပြောရဲပဲနဲ့ ဆွံ့အနေတယ်

ဒီလို ပိန်ပြီး အားနွဲ့တဲ့ ‌ေကာင်မလေးက ဒီလို ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ရှိမယ်လို့ ဘယ်သူက ထင်မှာလဲ

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now