အပိုင်း ၁၈၀

1.2K 132 2
                                    

- ရှရှဟိုင်အတွက် အသနားခံခြင်း

ရှရှဟိုင် ရှရှီပေ ပုံစံက ဘာဆိုတာကို သိပေမယ့် အခြားသူတွေကတော့ မသိဘူး!

အကုန်လုံးက ရှရှီပေ အရမ်းကြင်နာလွန်းသည် ခံစားနေရသည်။

ရှရှဟိုင် သူမကို ဘယ်လိုဆက်ဆံဆက်ဆံ သူမက သူ့အစားအသနားခံပေးနေတယ်!

"ရှရှီပေ မင်း ကိုယ့်အသက်ကို ကယ်ဖူးပေမယ့်လည်း မင်း ကိုယ့်ရဲ့ ကျေးဇူးတရားကို ဒီလို ဖြုန်းလိုက်လို့မဖြစ်ဘူး ဟုတ်တယ်မလား?"

ချောင်ရန်ကျွယ် စကားလုံးတွေက အကုန်လုံးကို တိတ်ဆိတ်သွားစေသည်။

ရှရှီပေက သူ့အသက်သခင်ကျေးဇူးရှင်?!

နောက်ဆုံးမှာတော့ အကုန်လုံး ဒီကိစ္စက ဘယ်လိုလုပ် ချောင်ရန်ကျွယ်၏ အာရုံကို ဖမ်းစားလဲဆိုတာကို နားလည်သွားသည်။

ချောင်မိသားစုတွင် ကုမ္ပဏီခွဲတွေ အများကြီးရှိပြီး ဤကုမ္ပဏီခွဲက အရမ်းမကြီးတာကြောင့် သူကိုယ်တိုင်လာရှင်းရလောက်သည်အထိ မတန်။

ရှရှီပေက သူ့အသက်ကို ကယ်ခဲ့တာကြောင့်သာ သူက သူမကို ထောက်ပံ့နေတာ!

"ကျွန်မသိပါတယ်" ရှရှီပေ သက်ပျင်းချလိုက်သည်။ "ကျွန်မ ရှင်ကျေးဇူးပြန်ဆပ်တာကို မလိုချင်ပါဘူး ဒါပေမယ့် သူက ကျွန်မဘဝကို ပေးခဲ့တာလေ ပြောရရင်...."

"သူ ကျူးလွန်ခဲ့တဲ့ အပြစ်က ပေါ့သေးသေးမဟုတ်ဘူး!" ချောင်ရန်ကျွယ် သူမကို ဖြတ်ပြောလိုက်သည်။ "လူသတ်ဖို့ ခိုင်းတာ ရန်ပုံငွေကို အလွဲသုံးစားလုပ်တာ....ကိုယ်တို့ သူ့ကို တရားမဆွဲရင်တောင် သူ အဆင်ပြေမှာမဟုတ်ဘူး!"

အခြားလူတွေလည်း ခေါင်းငြိမ့်လိုက်ကြသည်။

ရှရှဟိုင် ဤအချိန်တွင် အမှားအများကြီး ကျူးလွန်ပြီးပြီ!

"ကျုပ် သူမကို သတ်ဖို့ လူမငှားခဲ့ဘူး!" ရှရှဟိုင် စ်ိတ်ပူစွာ အော်လိုက်သည်။

သူ့ကုမ္ပဏီသာ သူ့ကို တရားမဆွဲရင် လူသတ်ဖို့ စေခိုင်းတာ အကုန်လုံးက လျိုလီရှင်း လုပ်တာဘဲ! သူနဲ့ ဘာမှ မဆိုင်ဘူး!

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now