အပိုင်း ၁၉၉

326 41 1
                                    

သူတို့နှစ်ယောက်ဆီက မြှောက်ခံရရ၍ ရှချင်းဟန်၏ မှောင်မိုက်မှုတို့က နောက်ဆုံးမှာ ပျောက်ကွယ်သွားတော့သည်။

ထင်သည့်အတိုင်းပင် သူမက အတန်းရှင်းအားလုံးရသည့် သူပင် အမြဲတမ်း သူမပင် ဖြစ်လိမ့်မည်!

ရှရှီပေကတော့...သူတို့နှစ်ယောက်ကြားက ကွာခြားချက်က အတန်းတွေ တက်တာနဲ့တင် သိရလိမ့်မည်!

ရှချင်းဟန် မြင်ရသလောက် ရှရှီပေမှာ အရည်အချင်းလုံးဝမရှိ။

တစ်ဖက်တွင် ဖန်းယန် ရှရှီပေကို ဘာလို့ စာချုပ်ချုပ်ရလဲဆိုတာကို သူမ သိချင်မိသည်။

ရုပ်ရည်ကလွဲပြီး သူမမှာ တခြားပြစရာ အရည်အချင်းရှိလို့လား?

ပွဲဦးထွက်ဖို့ရာ ရုပ်ရည်တင်မဟုတ်ဘဲ လုပ်ရည်ကိုင်ရည်ရော လိုအပ်တယ်!

အနုပညာလောကထဲမှာ အနာဂတ်ကောင်းရဖို့အတွက် မရေမတွက်နိုင်တော့ မိန်းမချောတွေ ကိုလူချောတွေအများကြီးပင်။ သို့ပေမယ့် အများစုက ချေမွန်းခံရပြီး အနှိမ့်ချခံရသည်။ ထိပ်ဆုံးကို ရောက်ဖို့ဆိုတာ အတော့်ကိုမှ ခဲယဉ်းပေသည်။

ထို့ကြောင့် ငယ်ငယ်ကတည်း ဆင်းရဲတွင်းနက်ခဲ့သည့် ရှရှီပေ အထောက်အပံ့မရှိ အရည်အချင်းမရှိဖြင့် ဘယ်လိုလုပ် တောက်ပလာနိုင်မှာလဲ?

ဟ! အိပ်မက်ဆက်မက်နေလိုက်!

ထိုအတွေးနှင့်ပင် ရှရှီပေကြောင့် သူမ၏ စိတ်ဆင်းရဲမှုတို့က နောက်ဆုံးမှာ ပျောက်ကွယ်သွားတော့သည်။

"အဲ့လိုမပြောပါနဲ့ ငါတို့ကုမ္ပဏီကို ဝင်လာတဲ့သူတွေက တစ်နည်းမဟုတ်တစ်နည်းတော့ တော်ကြတာပဲကို" ရှချင်းဟန် ငြင်သာစွာ ပြုံးရင်း ဖြေလိုက်သည်။

"ဘယ်သူသိမှာလဲ?" ရှောင်ရှီနှင့် နီနီက ပခုံးတွန့်လိုက်ကြပြီး မယုံနိုင်ကြ။

"သူက တော်ရင်တောင် နင့်ထက်တော်မယ်လို့ မထင်ပေါင်!"

SY ဖျော်ဖြေရေးက ကုမ္ပဏီအသေးလေးမဟုတ် များစွာသော ထရိန်နီတို့ ရှိလေသည်။

သို့ပေသိ ထင်ပေါ်ပြီး တောက်ပသွားသူများမှာ မများလှပေ။

သူတို့ဆီက ချီးကျူးမှုကို ရပြီး ရှချင်းဟန် တောက်ပသော အပြုံးတို့ဖြင့်သာ ပြန်ပြောလိုက်သည်။ "တော်တော့ နင်တို့က ငါ့ကို စိတ်ကြီးဝင်အောင် လုပ်နေပြီ"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now