အပိုင်း ၈၄

2.8K 336 3
                                    

Unicode

- ချောက်ချခြင်း(၁)

ထောင်ယွယ်ယင်း က ရှရှီပေ အမှတ်အများကြီးရဖို့ ခိုးချတယ်ဘဲ လို့ တကယ်ထင်နေတယ်။

ရှရှီပေ က အရင်က အလယ်အလတ်အဆင့်ဘဲရှိတာ။ သူမအတွက် အဆင့်ငါးထဲဝင်ဖို့ ထောင်ယွယ်ယင်း တစ်ခုခုလွဲမနေဘူးဆိုတာကို ယုံဖို့ ငြင်းပယ်တယ်!

"နင်နဲ့ သူက စာမေးပွဲဖြေတုန်းက အခန်းတူတူဘဲမလား ပြီးတော့ နင်နဲ့ နီးနီးလေးမှာ ထိုင်တာမဟုတ်ဘူးလား?" ထောင်ယွယ်ယင်း စုံထောက်က သက်သေကို စစ်ဆေးနေသလို ရုပ်တည်နေတယ်။ "စာမေးပွဲတွင်းတုန်းက သူမ တစ်ခုခုမှားတာကို နင် သတိမပြုမိဘူးလား?"

ရှချင်းဟန် ခဏလောက် ငြိမ်သွားတယ်။

"ငါ...ငါ သူ့ကို အာရုံမစိုက်ဘူး ကိုယ့်စာမေးပွဲကို ကိုယ် အာရုံစိုက်နေရတာ"

ထောင်ယွယ်ယင်း လက်ခုပ်တီးလိုက်တယ်။ "အဲ့တာဘဲ ဖြစ်ရမယ်!နင် သတိမထားမိခင် သူမက နင့်အဖြေတွေကို ကူးသွားတာဖြစ်ရမယ်! အဲ့တာကြောင့် သူမ ဒီလောက်အမှတ်တွေရတာ!"

"ဟုတ်တယ်! အဲ့တာဘဲ ဖြစ်ရမယ်!" လျိုကျီကျွင်း ခေါင်းငြိမ့်လိုက်တယ်။ "အဲ့လိုလူမျိုးက တော်တော် ရွံဖို့ကောင်းတာဘဲ! သူမက နင့်ကို သူမ အထက်ရောက်ဖို့ အသုံးချနေတာ!"

ရှချင်းဟန် သူမလည်း အဲ့လိုတွေးသလိုမျိုး ခေါင်းငြိမ့်လိုက်တယ်။

ဒါပေမယ့် သူမ သိပ်မသိသာစေချင်တာနဲ့ တုံ့ဆိုင်းပြီး ပြောလိုက်တယ်။ "ဒါပေမယ့် ငါတို့မှာ သက်သေမရှိဘူး ငါတို့ ‌အဖြေလွှာစာရွက်ရရင်လည်း သူမ မဝန်ခံရင် ငါတို့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး"

"ရတယ် အဲ့တာ ငါ့တာဝန်ထားလိုက်!" လျိုကျီကျင်း မျက်လုံး တွေတောက်လာပြီး ပြုံးလိုက်တယ်။

"နင်ဘာလုပ်မလို့လဲ?"

လျိုကျီကျင်း မျက်လုံးတွေက ထက်လာပြီး အနည်းငယ်‌ပြုံးလိုက်တယ်။ "ငါတို့ သက်သေသွားရှာရမှာပေါ့ဟ!"

"ဒါပေမယ့်....သက်သေမရှိရင် ဘယ်လိုလုပ်မလဲ?" ရှချင်းဟန် မနေနိုင်ဘဲ မေးလိုက်တယ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now