အသက်ကယ်ခြင်း

5.1K 555 1
                                    

Unicode

သူ့ကို ကိုင်ထားတုန်းမှာဘဲ ရှရှီပေ ကိုယ့်မျက်နှာကို ဖြတ်ရိုက်ချင်လာတယ် 

ဘယ်လိုတောင် တိုက်ဆိုင်ရတာလဲ!

သူမမှာ လူတွေကို ကယ်နိုင်တဲ့ စတန်းဒါတ် ရှိတယ်😐!

"ငါ တောင်းပန်ပါတယ် မင်းကို အနှောင့်အယှက် ပေးမိပြီ မင်းသွားလို့ရပါပြီ" ချောင်ရန်ကျွယ် မျက်နှာဖျော့တော့စွာ ဆိုလိုက်တယ် သူ့ရဲ့  စံချိန်မှီ ခန့်ညားတဲ့ မျက်နှာ ပေါ်မှာ သနားစရာကောင်းတဲ့ အကြည့်တစ်ခု ချိတ်ဆွဲထားတယ်🥺

ရှရှီပေရဲ့ မျက်နှာ ရိပ်ခနဲ မည်းလာတယ် ဒါပေါ့ သူမ ထွက်သွားချင်တာပေါ့ 

ဒါပေမယ့် ချောင်ရန်ကျွယ် ဖြစ်ပျက်နေပုံနဲ့ သွေးတွေ ဆက်တိုက်ထွက်နေတာကို ကြည့်ပြီး သူမအတွေးတွေ ရောထွေးလာတယ် နောက်ဆုံးမှာတော့ သူမ ရုပ်တည်သွားပြီး သူ့ကို မြေကြီးပေါ် ထိုင်စေတယ်

ချောင်ရန်ကျွယ် ဘာမှ မလုပ်ရ‌ေသးခင်မှာဘဲ သူမ သူ့ရဲ့ ဂျက်ကပ် ကို ချွတ်ပြီး အပေါ်ဝတ်ကို ဆွဲလှန်လိုက်တယ် သူ့ကို မြေပြင်ပေါ် ဖိထားတယ်

ချောင်ရန်ကျွယ် မှာ အားမရှိတော့တာ ဖြစ်နိုင်သလို သူမကို စိတ်ကြိုက် လုပ်ခွင့်ပေးထားတာလည်းဖြစ်နိုင်ပါတယ်

သူ့အဝတ်တွေ ဆွဲဖြဲခံရပြီး သူ့ရဲ့ ပန်းပုထုထားသလိုပုံစံ ဝမ်းဗိုက်ကို ပေါ်လွင်စေတယ် ကျည်ဆန် အမှတ်တွေက တော်တော် ကြောက်စရာကောင်းတယ် သွေးတွေတောင် ထွက်နေသေးတယ်

ဒီလို ဆက်ထားမယ်ဆိုရင် သူ သွေးထွက်လွန်ပြီး သေလိမ့်မယ်

ရှရှီပေ သူ့ ဒဏ်ရာကို ဘာအမူအရာမှ မပြဘဲ လက်နဲ့ ဖိထားလိုက်တယ်

ချောင်ရန်ကျွယ်ကို ဘာက လန့်စေလဲဆိုတော့ ‌ေသွးထွက်တာ ရပ်သွားတယ်!!

"ဓားနဲ့ မီးခြစ်ရှိလား?"

ချောင်ရန်ကျွယ် ခနကြောင်သွားပြီး " ငါ့ အိတ်ကပ်ထဲမှာရှိတယ်"

ရှရှီပေ သူ့ အိတ်ကပ်ထဲကို နှိုက်လိုက်ပြီး စစ်ဓား, မီးခြစ်, နဲ့ဆေးလိပ်ဗူး ကို မြန်မြန် ထုပ်လိုက်တယ်

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now