တော်တော် အကြံကြီးတာဘဲ

4K 467 1
                                    

Unicode

"-ျီး ! တော်တော် အကြံကြီးတာဘဲ !"

"ဘုရားရေ! အဲ့လိုလုပ်လို့ရမယ်လို့ ထင်ရင် သူတို့ မှားသွားလိမ့်မယ်"

ထန်လော် ပြောပြီးတာနဲ့ အကုန်လုံး တုန်လှုပ်သွားတယ်

သူတို့ အရင်က ထဲထဲဝင်ဝင်မစဉ်းစားကြည့်ဘူး တကယ် စဉ်းစားကြည့်ရင် ဒီကိစ္စက တော်တော် နက်နဲတယ်!

"အဲ့တာက သူ့အကြံဘဲ!"ရှရှီပေ ထန်လော်ကို တိတ်တဆိတ်ကြည့်လိုက်ပြီး ကျင်ယာကျန်းဆီ အကြည့်လွှဲလိုက်တယ် "ငါတွေးနေတာ ငါ့ကို ဆွဲထည့်ပြီး ပေါက်ကရ တွေ ဘာလို့ ပြောနေတာလဲဆိုတာ နင်က ဒါကို ကြံစည်နေတာဘဲ!"

"ငါမလုပ်ဘူး" ကျင်ယာကျန်း အရည်ပျော်ကျခါနီးနေပြီ "ငါ ဘယ်တုန်းကမှ ..."

သူမ ရှရှီပေကို မကြိုက်တာ‌က အမှန်ဘဲ အထူးသဖြင့် ရှရှီပေရဲ့ ဒီနေ့ ရုပ်ရည်က သူမကို သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဖော်ထုတ်ရအောင်လောက်ထိ ဘေးကျပ်နံကျပ် ရိုက်စေတယ်

သူမ ဒါထက် ပိုပြီး တွေးထားတာ မရှိဘူး

ရှရှီပေ သူမ နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး သူမ မျက်နှာက အလွန်နာကျင်နေတဲ့ ပုံပေါ်တယ် "ငါ နင့်ကို ငါ့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်လို သဘောထားတာ နင်က ငါ့ကို ဒီလို ပြန်တုန့်ပြန်တာပေါ့ နင်ကိုယ်တိုင် ယန်ရွှမ်ရဲ့ အာမခံ လုပ်ပေးတာလေ သူက ငွေ အရေးတကြီးလိုနေတယ် ဆိုပြီး ငါသူ့ကို နင့်‌မျက်နှာထောက်ပြီး ငွေချေးလိုက်တာလေ ငါ ဘယ်တုန်းကမှ နင်ဒီလို ချောက်ချ လိမ့်မယ် လို့ မထင်ထားဘူး နင် ငါ့ပိုက်ဆံ မချေးဘူးလို့တောင် ငြင်းလိုက်သေးတယ်!"

"ကျင်ယာကျန်း ဒါက သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ လုပ်ရပ် မဟုတ်ဘူး" ထန်လော် ထပ်ထည့်ပြီး ပြောလိုက်တယ်

အခြားသူတွေကပါ ထောက်ခံကြောင်း ခေါင်းငြိမ့်ပြကြတယ်

ဒါက သူငယ်ချင်းကောင်း တစ်ယောက် လုပ်ရပ်ဆိုရင် သူတို့ သူငယ်ချင်း မထားဘဲ နေတာဘဲ ကောင်းလိမ့်မယ်

"နင် အလုပ်ကို ကြိုးစားလုပ် အစာကို ရိုးရိုးလေးတင် စားပြီး သူတို့ကို အစားကောင်းတောင် ဝယ်ကျွေးလိုက်သေးတယ် .. ကျွတ်ကျွတ်"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now