အပိုင်း ၄၅

3.6K 479 5
                                    

Unicode

-တကယ့်ရတနာ

ဖန်းယန်ရဲ့ ရင်ဘတ်က အေးစက်ပြီး ရင်သတ်ရှုမောရလောက်တဲ့ အော်ရာတွေ ဝန်းရံနေတဲ့ မိန်းမလှလေးကို ကြည့်မိတော့ ကခုန်ဆုန်ပေါက်နေတယ်။

သူက ဖျော်ဖြေရေးနယ်ပယ်ထဲမှာ မိန်းမလေးတွေကို အများကြီးတွေ့ဖူးပင်မယ့် ဒီမိန်းကလေးက အကောင်းဆုံးထဲကမှ ထိပ်ဆုံးဘဲ။

သူမက အခု ဘာ မိတ်ကပ်မှ လိမ်းမထားဘူး ဒါပေမယ့် အဲ့တာက သူမအလှကို ဖုံးကွယ်မထားနိုင်ဘူး။ သူမသာ မိတ်ကပ်လိမ်းလိုက်ရင် တီဗီစီးရီးတွေထဲက ဇာတ်ဆောင်မင်းသမီးအလှလေးဘဲ!

အရေးကြီးဆုံးကတော့ သူမက အလွယ်တကူ ပုံသွင်းလို့ရတယ်။

ဖန်းယန် အလှ‌လေး အများကြီးနဲ့တွေ့ဖူးတယ်။ ဒါပေမယ့် အကုန်လုံးတိုင်းက ကင်မရာ မစားဘူး။ ဒါပေမယ့် ဒီကောင်မလေးက ကင်မရာထဲမှာ ကြည့်ကောင်းမယ်ဆိုတာ အာမခံနိုင်တယ်။

သူမက ပိန်ပေမယ့်လည်း ပိန်လှီနေတာမျိုးမဟုတ်ဘူး။

အဲ့တာက အဓိကသော့ချက်ဘဲ။

များစွာသော မိန်းကလေး ဆယ်လီတွေက ဒီလို ရလဒ်မျိုးရဖို့ ဝိတ်ကျအောင် တော်တော်ကြိုးစားရတယ်။ ပြောရရင် လူတစ်ယောက်က ဓာတ်ပုံထဲမှာ ပိုဝတယ်။

သူမလို ခန္ဓာကိုယ်ပုံစံက ကင်မရာထဲမှာ ပြီးပြည့်စုံတယ်။

သူမက အဲ့မျက်နှာနဲ့ ဖန်တွေအများကြီးကို ဆွဲဆောင်နိုင်လိမ့်မယ်!

"အက်စ်ဝိုင်ဖျော်ဖြေရေးက အတွေ့အကြုံ အများကြီးရှိပြီး အခွင့်အ‌ေရးတွေအများကြီးရှိတယ် မင်း ကျွန်တော်တို့ ကုမ္ပဏီကို ဝင်ချင်ရင် ကျွန်တော်တို့ မင်းကို စူပါစတား ဖြစ်အောင် လုပ်ပေးနိုင်တယ်!"

ဖန်းယန်က သူမကို ပါဝင်စေရန် စိတ်အားထက်သန်နေတယ်။ သူ သူ့အချိန်တွေကို အကုန်ခံပြီး ကောင်းမွန်တဲ့ စူပါစတား ဖြစ်နိုင်တဲ့ လူတွေကို ရှာနေခြင်းဖြစ်တယ်။

အက်စ်ဝိုင်ရဲ့ ထိပ်တန်း‌မန်နေဂျာဖြစ်တဲ့ သူက သူ့ဘာသူ ရှာနေစရာ မလိုပေမယ့် သူ့ရဲ့ အခုခြေအနေက သိပ်မကောင်းဘူး။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now