အပိုင်း ၈၆

2.7K 311 2
                                    

Unicode

- ချောက်ချခြင်း (၃)

ကျင်ယာကျန်း သွားလိုက်တယ်။

"ငါ့မှာ နင့်ကို မေးစရာရှိတယ်" လျိုကျီကျင်း ကျင်ယာကျန်းကို အနားဆွဲပြီး မေးလိုက်တယ်။ "နင်နဲ့ ရှရှီပေက သူငယ်ချင်းကောင်းတွေလို့ ငါကြားတယ် အဲ့တာဟုတ်လား?"

သူမတို့ စောစောကတည်းက ဇာတ်တိုက်ထားပေမယ့်လည်း ကျင်ယာကျန်း နည်းနည်းတော့ စိတ်လှုပ်ရှားနေတယ်။ "ငါတို့...ငါတို့ သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြတာပါ ဒါပေမယ့် အခု မဟုတ်....မဟုတ်တော့ဘူး"

သူမအတန်းတွေရဲ့ ဖယ်ကျဉ်တာကို တွေးမိပြီး ကျင်ယာကျန်း ရင်ထဲ ဝမ်းနည်းမှုတွေ စို့နစ်လာတယ်။ "ငါ သူမကို ဒီလောက်ထိ ရက်စက်မယ်မထင်ထားဘူး!"

"ရက်စက်တယ်?" အကုန်လုံး ကြောင်အသွားတယ်။ "သူမ ဘာလုပ်လို့လဲ?"

မျက်ရည်တွေက ကျင်ယာကျန်းမျက်လုံးထဲက ထိန်းမနိုင်သိမ်းမရကျလာပြီး ရှိုက်ငိုတော့တယ်။ "သူမ ဓာတ်ပုံအချို့ကို ဘယ်က ရလာလဲ ငါ မသိပါဘူးဟာ ဒါပေမယ့် သူမက အဲ့တာကို သုံးပြီး ငါ့ကို အ‌သရေဖျက်နေတာ ငါ့ကို ယောက်ျားအများကြီးနဲ့ ဖြစ်ပျက်နေတယ်ဆိုပြီး စွပ်စွဲသေးတယ် အခုတော့.... အားလုံးက ငါ့ကို ရှောင်နေကြပြီ!"

သူမစကားတွေက အခြားကောင်မလေးတွေရင်ထဲက ဒေါသကို ဆွပေးသလိုဖြစ်သွားတယ်။

"ဘုရားရေ! ဒါက ဘယ်လိုဖြစ်တာလဲ?!သူမ ဘယ်လိုလုပ် ဒီလို လုပ်ရတာလဲ! တော်တော်ကောက်ကျစ်တာဘဲ!"

အထူးသဖြင့် လျိုကျီကျင်း က ပုံကြီးချဲ့တဲ့ အမူအရာနဲ့ "တော်တော် လွန်သွားပြီ! သူမက နင့်ကို ဘယ်လိုလုပ် ဒီလို ဆက်ဆံရတာလဲ?! သူမလိုလူမျိုးက အသိတရား လုံးဝကို မရှိတော့တာဘဲ!"

ကျင်ယာကျန်း သူမမျက်ရည်တွေကို သုတ်လိုက်ပြီး ခါးသက်စွာပြုံးပြီး ရှင်းပြလိုက်တယ်။ "ငါ ဒီလို ဖြစ်လာမယ်မထင်ထားဘူး ငါ သူမအပေါ်ကောင်းခဲ့တယ် သူမအတွက် အကုန်လုံးကို ဖုံးပေးခဲ့တယ် ခုတော့ သူမက ငါ့ကို ဒီလိုဆက်ဆံနေတယ်! အခုတော့ ငါ့ကို ဘယ်သူမှယုံမှာမဟုတ်တော့ဘူး...."

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now