ငွေလိုချင်တယ်

4.2K 558 0
                                    

Unicode

သူမက ယွမ် ၂၀၀၀၀၀လိုချင်တယ်?

ရှရှဟိုင် သူ နားကြားမှားတာ မဟုတ်ရင် ရှရှီပေ ပရမ်းပတာ ‌တွေ လျှောက်ပြောနေတာဖြစ်ရမယ်

"နင်ရူးနေလား? ၂၀၀၀၀၀? နင် အပြင်ထွက်ပြီး ဘာလို့ ဓားပြမတိုက်ရတာလဲ?!"

ရှရှီပေ ရဲ့ နှုတ်ခမ်း တွန့်ကွေးသွားသည်။ " သမီးရူးနေတာ မဟုတ်ဘူး အဖေ သမီးကို ပိုက်ဆံ မပေးလို့ ရှင်ရင် သမီး  အဖေ့ရဲ့ ကုမ္ပဏီကို လာရ လိမ့်မယ် စကားမစပ် အဖေ သမီးကို ဒီနှစ်တွေထဲမှာ ပေးရမယ့် ထောက်ပံ့ကြေးငွေ ကို တွက်လိုက်ဦးမယ်"

ရှရှဟိုင် အရမ်း ဒေါပွ လာပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။  " လုပ်ရဲလား!?"

"သမီးဘာလို့ မလုပ်ရဲရမှာလဲ? " ရှရှီပေ  သရော်လိုက်သည်။ " တခြားလူတွေက အဖေ သူ့သမီး အရင်းကို တစ်လ ထောက်ပံ့ကြေး ယွမ် တစ်ရာဘဲ ပေးတယ်ဆိုတာ သိရင် ပြီတော့ စားသောက်ပြီး လက်ရှိ မိန်းမနဲ့ ကလေးတွေနဲ့ ပျော်ပါးနေတယ် ဆိုတာ သိရင် ဘယ်သူက အရှက်ရမှာလဲ? အဖေ ဒီအဖြေကို ကောင်းကောင်းသိမယ် လို့ သမီး ထင်ပါတယ်"

အဲ့ဒီ စကားလုံးတွေက ရှရှဟိုင်ကို ‌ေရှာ့ရစေတယ်

ရှရှီပေသာ အဲ့လိုတကယ် လုပ်ခဲ့မယ်ဆိုရင် အနည်းနဲ့ အများတော့ ထိိခုက်မှုရှိမှာဘဲ 

သူ့ရဲ့ စီးပွားရေး ပါတနာတွေသာ ဒါကိုသိမယ်ဆိုရင် သူတို့က သူ့ရဲ့စိတ်ဓာတ်နဲ့ လုပ်ရည်ကိုင်ရည်ကို သံသယ ဝင်ကြလိမ့်မည်။

ရှရှဟိုင် စဉ်းစားနေတုန်းမှာဘဲ ရှရှီပေ ရဲ့ စဉ်းလဲတဲ့ လေသံတိုးတိုးက သူ့နားထဲကို ဝင်လာတယ် " အဖေက အဖေ့ရဲ့ သားသမီးကိုတောင် မထောက်ပံ့နိုင်ဘူး အဖေ့ရဲ့ စီးပွားရေး ပါတနာတွေက အဖေ့ရဲ့ ငွေကြေးရေးရာကို မပူပန်နိုင်ဘူးလား?"

" နင်လုပ်ရဲလား?!"

" သမီးသာ အသက်မရှင်နိုင်တော့ဘူးဆိုရင် ဘာလို့ မလုပ်ရဲရမှာလဲ? ပြီးတော့ သမီး သမီးရဲ့ ချစ်လှစွာသော မောင်လေး ညီမလေးတွေကို ကြည့်ချင်သေးတယ် သူတို့က ဘယ်ကျောင်းမှာ တက်နေကြတာလဲ? အဲ့တာက.."

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now