အပိုင်း ၁၄၅

2.2K 269 1
                                    

- တိရစ္ဆာန်ဘုရင်မ

နျဲ့ဇဲဟိုင်က အခု မကျော်ကြားသေးပေမယ့်လည်း သူ ထိုလောကထဲ ကျင်လည်လာတာ ကြာပြီဖြစ်၍ ‌လူတော်တော်များများကို သိနှင့်နေပြီ။

ဒါရိုက်တာတစ်ယောက်က ရှိုးတစ်ခုရိုက်ဖို့ စီစဉ်နေပြီး သရုပ်ဆောင်တွေကို ရှာမတွေ့သေး။

ထိုရုပ်ရှင်တွင် ရိုက်ချက်အနည်းငယ်ပါသည့် တိရစ္ဆာန်နှင့် ရင်းနှီးရမည့် ဇာတ်ပို့တစ်ယောက် ရှိသည်။

တိရစ္ဆာန်တွေက သာမန် ကြောင်လေး ခွေးလေးတွေ မဟုတ်ဘဲ အားကောင်းသည့် သားရဲများပါဝင်နေသည်။

ဒါပေါ့ ဒီတိရစ္ဆာန်တွေကို effect တွေနဲ့ ပြုပြင်ထည့်လို့ရသည်။

သို့ပေမယ့် ဒီဒါရိုက်တာက အသေးစိတ်ကျလွန်းသည်။ သူ လူအစစ် ပစ္စည်းအစစ်တွေနှင့် ရိုက်နိုင်ရင် effect တွေကို လုံးဝသုံးမှာမဟုတ်။

မရှိသည့် နဂါးတွေ ဘာတွေမဟုတ်ဘဲ တကယ့် ကျားနှင့် ခြင်္သေ့တွေပင်။ သူ effect တွေ ဘာလို့ လိုနေမှာလဲ?!

တကယ့် တိရစ္ဆာန်လား effect ဆိုလား ကြည့်လိုက်တာနှင့် သိနိုင်သည်။

သို့ပေမယ့် ဒါက နောက်ပြဿနာတစ်ခုကို ဦးတည်စေသည်။

သူ တကယ့်တိရစ္ဆာန်တွေကို သုံးချင်ရင် သရုပ်ဆောင်ရဲ့ လုံခြုံရေးကို အာမခံဖို့ ခက်ခဲသွားပြီ။

ထိုဇာတ်ရုပ်က တိရစ္ဆာန်ဘုရင်နှင့် သွားတူတာကြောင့် သရုပ်ဆောင်က တိရစ္ဆာန်တွေနှင့် ရင်းနှီးမှရမည်။

တိရစ္ဆာန် ထိန်းကျောင်းတဲ့သူ အနားရှိရင်တောင် လုံးဝကြီးတော့ မလုံခြုံနိုင်‌။

ပိုကောင်းတဲ့ ရလဒ်ကိုရဖို့ ဒါရိုက်တာက သရုပ်ဆောင်ကို ကိုယ်တိုင်လုပ်စေချင်ပြီး အစားထိုးသရုပ်ဆောင်ရှိမှာမဟုတ်။

သို့ပေမယ့် တစ်ခုခုဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ? အဲ့သလိုသာဆိုရင် ဆိုးဆိုးရွားရွားဖြစ်ကုန်တော့မှာပင်။

ထို့အပြင် ဒီဇာတ်ကောင်အတွက် ရိုက်ကွက်များများမရှိတာကြောင့် ဘယ်သရုပ်ဆောင်က ဂရုစိုက်မှာလဲ?

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now