အပိုင်း ၁၁၁

2.6K 296 3
                                    

Unicode

- ပိုက်ဆံအများကြီး

"သူမက အဲ့လောက်ကံကောင်းမယ် ဘယ်သူထင်မှာလဲ?"

ရှချင်းဟန် သက်ပျင်းချပြီး သူမရင်ထဲက မနာလိုမှုတွေနှင့် မကျေနပ်မှုတို့က ပိုများလာသည်။

ရှရှီပေ အရမ်းကံကောင်းနေတာ မဟုတ်ဘူးလား?!

သူတို့ရဲ့ ချောက်ချမှုကို သူမက ရှောင်နိုင်ရုံသာမကဘဲ သူမ အထူးဆုကို နှစ်ခါတောင် ပေါက်တာ!

နှစ်ကြိမ်!

ပြီးတော့ သူမ၏ အောင်မြင်မှုက ထောင်ယွယ်ယင်း အဖေကို ဒုက္ခတောထဲ ရောက်စေခဲ့တာ။

ရှရှီပေ တကယ်ဘဲ ကံကောင်းတာလား ညစ်ပတ်တဲ့ နည်းလမ်းတွေဘဲ သုံးထားတာလား?

ဘာဘဲ ဖြစ်ဖြစ် ရှရှီပေ ပျော်ပျော်ရွှင်ရွှင်နေနေရတာကို ကြည့်ရတာ သူမ မနှစ်မျို့ဘူး။

သူမတွေးကြည့်တော့ ထူးဆန်းနေသည်။ သူမ အတိတ်တုန်းက ရှရှီပေနှင့် ပတ်သက်ခဲ့ဖူးတာမရှိ သူတို့ကြားမှာလည်း အချစ်အမုန်းဆက်ဆံရေးမရှိပေမယ့် ရှရှီပေ သူမမျက်စိရှေ့ရောက်ရင် တိုက်ခိုက်ချင်စိတ်တို့က သူမစိတ်ထဲ ရှိနေသည်။

သူတို့က တစ်ယောက်ကိုတစ်ယောက် ရန်လိုမှုတွေနဲ့ မွေးလာကြတာလား?

လျိုကျီကျင်းကတော့ ရှချင်းဟန် စိတ်ထဲ ဘာတွေ ဖြစ်နေမှန်းမသိရလောက်အောင် သူမစိတ်ထဲ ရှရှီပေနိုင်တာကို ပြောလို့မပြီးနိုင်။

"သူမ အထူးဆုကို တကယ် နှစ်ကြိမ်ပေါက်တာလား"သူမ ဒါကို အသေးစိတ်မေးနေသည်။

အဲ့လိုကံမျိုးက ကမ္ဘာ့သဘောတရားနဲ့ ဆန့်ကျင်နေတယ်!

"ငါ့အဖေက အဲ့ရှော့ပင်းမောက မန်နေဂျာ ဆုနှစ်ခုလုံးကို သူဘဲ အပ်လိုက်ရတာ ငါ လိမ်နေတယ်လို့ နင်ထင်နေလား?"

ထောင်ယွယ်ယင်း စိတ်အခြေအနေ ဆိုးသွမ်းနေသည်။

ဆုတွေကို နိုင်တဲ့သူက သူမ ရန်သူဆိုတာကို သိရတာက အရမ်းစက်ဆုပ်စရာကောင်းတဲ့ ခံစားချက်ဘဲ!

"ဒါပေမယ့် သူမ ကားကို မယူလိုက်ဘူး ပိုက်ဆံလဲလိုက်တာ"

"ပိုက်ဆံလဲလိုက်တယ်?" လျိုကျီကျင်း စိတ်ဝင်စားသွားသည်။ "ဘယ်လောက်လဲ အဲ့တာက?"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now