အပိုင်း ၅၅

3.3K 409 1
                                    

Unicode

-နောက်ခြေလှမ်းကဘာလဲ?

ယန်ရွှမ်က အရမ်း စိတ်ပူနေတယ်။ သူ စုန့်ကျားရန်ကိုမ ကြိုက်ပေမယ့် သူမကြောင့်ရလာတဲ့ အကျိုးကျေးဇူးတွေကို သူ လက်မလွှတ်နိုင်ဘူး။

ကျောင်းမှာမိန်းကလေး အများကြီးရှိတယ်။ လှပပြီး ချမ်းသာတဲ့ မိန်းကလေးတွေလည်း ရှားပါးမနေဘူး။

ဒါပေမယ့် အဲ့ဒီမိန်းကလေးတွေက သူ့ကို ကြိုက်ချင်မှ ကြိုက်လိမ့်မယ်။ သူ့အလိမ်အညာတွေက သူတို့နဲ့ကျ အလုပ်မဖြစ်ဘူး။ စုန့်ကျားရန်က ဝပြီး ရုပ်ဆိုးလို့ သူ့ရဲ့ အလွယ်ကူဆုံး ပစ်မှတ်ဖြစ်လာတယ်။

ဒါပေမယ့် အခုတော့ ရှရှီပေက စုန့်ကျားရန်ကို သူမဘက် ဆွဲသွားပြီ။ သူ ဘာလုပ်ရတော့မလဲ?

ယန်ရွှမ်က အရမ်း ပြဿနာတက်နေလို့ လူတွေက သူ့ကို လက်ညှိုးထိုးပြီး အတင်းပြောနေတာကိုလည်း သတိမထားမိတော့။

သူ့အတန်းထဲ ပြန်ရောက်တော့ သူ့ဖုန်းမြည်လာတယ်။ သူ ထုတ်ကြည့်လိုက်တော့ လျိုကျီကျင်းဆီက မက်ဆေ့ဖြစ်နေတယ်။

ယန်ရွှမ် လျိုကျီကျင်းနဲ့ တွေ့ဖို့ သဘောတူလိုက်တယ်။ မနက်ခင်းအတန်းပြီးတော့ သူ သူတို့ လျို့ဝှက်တွေ့တဲ့နေရာဖြစ်တဲ့ ခေါင်မိုးထပ်ကို တက်သွားတယ်။

"နင်နဲ့ ရှရှီပေက ဘာဖြစ်ကြတာလဲ?"

ရောက်ရောက်ချင်း လျိုကျီကျင်း သူ့ကို အေးစက်ခက်ထန်တဲ့ မျက်နှာပေးနဲ့ မေးခွန်းမေးလိုက်တယ်။

"အဲ့ခွေးမ ဘာဖြစ်နေတယ်ဆိုတာ ငါဘယ်လိုလုပ်သိမှာလဲ!" ယန်ရွှမ် ဒေါသထွက်ပြီး စိတ်ပျက်နေတယ်။

ဒီနှစ်ရက်အတွင်းမှာ သူခံစားခဲ့ရတဲ့ ပြဿနာတွေ က အကုန် ရှရှီပေကြောင့်ဘဲ!

သူ့သိက္ခာတွေလည်း ပျက်စီးကုန်ပြီ သူ့မိဘတွေလည်း ထိန်းသိမ်းခံထားရတယ်။ ပြီးတော့ သူတို့ကဘဲ ပြန်ပြီး ဒေါ်လာ၂၀၀၀၀ ပေးခဲ့ရသေး။ သူ ၁၀၀၀၀ ဘဲချေးတာကိုတောင်မှလေ!

အရေးကြီးဆုံးကတော့ ရှရှီပေနဲ့ စုန့်ကျားရန်တို့ကလည်း အပေါက်လမ်းတည့်နေကြတယ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now