အပိုင်း ၁၄၄

2.2K 257 4
                                    

-တကယ်ဘဲ တိရစ္ဆာန်တွေကို စကားပြောနိုင်တယ်

အုပ်စုက မရယ်အောင် ထိန်းထားရသည်။

သူတို့ ယွီဇီချီကို သိတာမှ နာရီပိုင်းဘဲရှိပေမယ့် သူတို့က သူ့ရဲ့ စိတ်ဓာတ်ကို သိနေပြီ။

နျဲ့ဇဲဟိုင်ပြောသလို ယွီဇီချီက နည်းနည်း....ရိုးတယ်။

ထိုကဲ့သို့ ချစ်စရာကောင်းသော ကလေးမျိုးက ဒီခေတ်မှာ ရှားသွားပြီး ကာကွယ်ရမည်ပင် ဖြစ်သည်။

"ကျွန်တော်တို့က သူငယ်ချင်းတွေဘဲ ကျွန်တော်တို့သေချာပေါက် တစ်‌ေယာက်ကိုတစ်ယောက် ဂရုစိုက်ကြမှာပါ" ထန်လော် ခေါင်းငြိမ့်လိုက်သည်။

ရန်ကျွင်းချန်နှင့် ရှရှီပေတို့လည်း ခေါင်းငြိမ့်လိုက်သည်။

သူတို့ ခုလေးတင်မှ တွေ့ကြပေမယ့် သူတို့ တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးသလို ခံစားရသည်။ နျဲ့ဇဲဟိုင် မလာခင်က သူတို့ စကားကောင်းကောင်းပြောနေကြတာပင်။

"ဝုဖ်!"

"မြောင်!"

အရှူရာနှင့် ဟန်နီတို့လည်း ထောက်ခံကြသည်။

"ဟေး ဒီအချစ်လေးက ဘယ်သူလဲ?" နျဲ့ဇဲဟိုင်၏ မျက်လုံးက တောက်သွားသည်။

"ဒါက ဟန်နီ" ရန်ကျွင်းချန် ကြောင်ကို မိတ်ဆက်ပေးလိုက်သည်။ "ဒါက ...အရှူရာရဲ့ သူငယ်ချင်းကောင်း"

"မြောင့်!" ဟန်နီ ရွံရှာစွာ အော်လိုက်သည်။

သူတို့ပြောတာကို သူနားမလည်ဘူးများထင်နေလား?! အရှူရာက သူ့ရန်သူ!

"အရမ်းချစ်စရာကောင်းတာဘဲ"

နျဲ့ဇဲဟိုင် တကယ်ဘဲ ဟန်နီပြောတာကို နားမလည်။ သူ ချစ်စရာကြောင်လေးကြောင့် ဆွဲဆောင်ခံလိုက်ရသည်။

"ငါက အမြဲတမ်း ကြောင်လေးမွေးချင်ခဲ့တာ ဒါပေမယ့် ငါ့မှာ အဲ့လို အချိန်မရှိဘူး" သူ ဝမ်းနည်းစွာ ရှင်းပြလိုက်သည်။

"ဝုဖ်!" အရှူရာ ကြောင်များကို မနှစ်မျို့ကြောင်းပြရန် ဟောင်လိုက်သည်။

"ဒါပေါ့ ငါလည်း မင်းကို ကြိုက်ပါတယ်!" နျဲ့ဇဲဟိုင် အရှူရာ၏ ခေါင်းကို ထိလိုက်ပြန်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now