အပိုင်း ၈၉

2.7K 368 3
                                    

Unicode

- ချောက်ချခြင်း (၆)

"ဘယ်သူခိုးတာလဲ?"

ခက်ထန်တဲ့ မျက်နှာပေးနဲ့ စည်းကမ်းရေးဆရာက အခန်းထဲက တစ်ယောက်ချင်းစီတိုင်းကို လိုက်ကြည့်လိုက်တယ်။

သူ့ရဲ့ ခက်ထန်တဲ့ အကြည့်နဲ့ ဆုံပြီး အကုန်လုံးက ရုတ်တရက် မနေနိုင်ဘဲ ကြောက်ရွံ့ကာ တုန်ရီနေတော့တယ်။

ပြောရရင် စည်းကမ်းရေးဆရာလုပ်လာတာ နှစ်အတော်ကြာပြီဖြစ်လို့ သူက တော်တော် ရှိန်လောက်ပြီး ကျောင်းသားတွေက ချစ်ကြောက်ရိုသေကြတယ်။

"အဲ့တာ သူမဘဲ!"

ထောင်ယွယ်ယင်း ရှရှီပေကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်။ "သူမ သမီးကို ဝင်တိုက်ပြီးတော့ သမီး လက်ကောက် ပျောက်သွားတာ!"

စည်းကမ်းရေးဆရာက မျက်မှောင်ကြုံ့ပြီး ရှရှီပေကို ကြည့်လိုက်တယ်။ "မင်းခိုးတာလား?"

ရှရှီပေ ချက်ချင်း ခေါင်းရမ်းလိုက်တယ်။ "သမီး မခိုးဘူး! သူမကသာ သမီးကို ဝင်တိုက်တာ သူမပြောသလိုကပြောင်းကပြန်တွေ မဟုတ်ဘူး!"

"နင် ညာနေတာ အဲ့တာနင်ဘဲကို"

သူမ အစက ကိစ္စကို ဒီလို ကြီးကြီးကျယ်ကျယ် ဖြစ်အောင် မဖန်တီးချင်ပေမယ့် ရှရှီပေ အမူအရာက ထောင်ယွယ်ယင်းကို လုံးဝ မကျေမနပ်ဖြစ်စေတယ်။ ပြီးတော့ သူမ ဒါနဲ့ ပတ်သက်ပြီး အားမလိုအားမရတွေ ဖြစ်ကုန်တယ်။

ဒါကြောင့် စည်းကမ်းရေးဆရာပေါ်လာတာနဲ့ သူမ ချက်ချင်းဘဲ မီးလောင်ရာ လေပင့်လိုက်တယ်။ ဘယ်လိုဘဲနေနေ ရှရှီပေက အပြစ်ခံရမှာဘဲ။ ဒါကြောင့် သူမက ဒါကို ဘာလို့ ကြောက်နေရမှာဘဲ?

"သူမ သူငယ်ချင်းက အရင်က သူမ စတိုးဆိုင်ကနေ ကျောက်မျက်ရတနာတွေ ခိုးဖူးတယ်လို့ သမီးတို့ကို ပြောတယ်! သမီးလက်ကောက်က ယွမ်တစ်သောင်းတန်တယ်! အဲ့တာက လှပြီး ဈေးလည်းကြီးသေးတယ် သူမက ဘယ်လိုလုပ် မမက်မှာလဲ!"

ဆရာ့မျက်လုံးတွေက သူမ စကားတွေကြောင့် မျက်လုံးပြူးကုန်တယ်။ "အဲ့တာအမှန်ဘဲလား?"

"သေချာပေါက် မဟုတ်ဘူးပေါ့! သမီး မခိုးဖူးဘူး!"

ဒေါသထွက်တဲ့ အကြည့်နဲ့ ရှရှီပေ ထောင်ယွယ်ယင်းကို လက်ညှိုးထိုးပြီး အေးစက်တဲ့ အသံနဲ့ ပြောလိုက်တယ်။ "ငါ ကျောက်မျက်ရတနာဆိုင်ကနေ ခိုးတယ်လို့ ဘယ်သူက ပြောတာလဲ? ရှေ့ထွက်ခဲ့!"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now