ရွံရှာခြင်း

3.6K 469 1
                                    

Unicode

ယန်ရွှမ့်အ‌ေမရဲ့ အပြုအမူက အားလုံးကို ထိတ်လန့်သွားစေတယ်

ယန်ရွှမ်တောင် သူ့အမေ ဒီလို လုပ်မယ် မထင်ထားဘူး!

ဆရာနှစ်ယောက်ကလည်း ကြက်သေသေသွားတယ် သူတို့နှစ်ယောက် ဒါမျိုးကို ပထမဆုံး မြင်ဖူးခြင်းဖြစ်တယ်!

ရှရှီပေ တစ်ယောက်ဘဲ တည်ငြိမ်နေတာ သူမက ယန်ရွှမ့်အမေရဲ့ စိတ်ဓာတ်အမှန်ကို သိပြီး ဒီလိုမျိုး လုပ်ရပ် မျိုးအတွက် ပြင်ဆင်ထားပြီးသား

ဒါပေမယ့်လည်း သူမ အံဩသွားတယ် သူမထင်တာက ယန်ရွှမ့်အမေ နည်းအမျိုးမျိုးရှာပြီး ငြင်းမယ်ပေါ့ ဒါပေမယ့် နည်းလမ်းက ဒီလို ရိုးရှင်းပြီး ဆိုင်းမဆင့်ဗုံမဆင့်ဖြစ်မယ် မထင်ထားဘူး!

"ခင်ဗျား ဘာလုပ်နေတာလဲ?"

ဆရာနှစ်ယောက် သတိပြန်ဝင်လာပြီးတော့ ဒေါသထွက်ပြီး နည်းနည်း ရယ်လိုက်တယ် အစာမ‌ေကြဖြစ်မှာ သူမမကြောက်ဘူးလား?

ယန်ရွှမ့်အမေက လည်ပင်းကို မြင့်မြင့်ပင့်လိုက်ပြီး ပြောလိုက်တယ် "ဒီလို ပြေစာအတုတွေက ကျွန်မက ဘာလို့ သိမ်းထားရမှာလဲ ကျွန်မတို့ ရွှမ်ရွှမ်ကို အသရေပျက်အောင်လို့?"

"ဒါတွေက အတုတွေဆို အန်တီ ဘာလို့ ဖျက်စီးပစ်တာလဲ?" ရှရှီပေ မေးလိုက်တယ်

"နင်က အရှက်မရှိတဲ့ ကောင်မဘဲ! နင်က ငါတို့ကို ‌သက်သေအတုနဲ့ ချောက်ချချင်‌ေနသေးတယ် ငါ နင့်ကို အနိုင်မပေးနိုင်ဘူး!" ယန်ရွှမ့်အမေက ရှရှီပေကို ကြည့်လိုက်တယ် တစ်ချိန်ထဲမှာဘဲ စိတ်ထဲမှာ ဝမ်းမြောက်နေတယ် သူမ မြန်မြန်လှုပ်ရှားလိုက်တာ ကံကောင်းတယ်

ပြေစာတွေကိုသာ သိမ်းထားရင် ယန်ရွှမ် မျက်နှာပျက်ရလိမ့်မယ်

ဒါပေမယ့် သူမလုပ်လိုက်တာက သူမကို မျက်နှာပိုပျက်စေတယ်ဆိုတာ သူမ မသိဘူး!

ယန်ရွှမ်လည်း တော်တော် ကြောင်အသွားတယ် သူ သူ့အမေက ရူး‌ေကြာင်တဲ့ အလုပ်မျိုး လုပ်မယ်လို့ မထင်ထားဘူး!

"အဲ့ဒါတွေက အတု ဟုတ်မဟုတ် သမီး မသိဘူး ဒါပေမယ့် ...." ရှရှီပေရဲ့ အမူအရာက ပြုံးပြီး ချက်ချင်း အပြုံးပျောက်သွားသလို နည်းနည်း ပြောင်းသွားတယ်

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now