လတစ်လရဲ့ အဲ့အချိန်

3.7K 471 4
                                    

Unicode

ရှရှီပေ ဝမ်းဗိုက်ကို ဆုပ်ကိုင်ထားပြီး စောင့်ကြောင့် ထိုင်ချလိုက်တယ် သူမ မြေပြင်နှင့်ထိမတက် ဝပ်ဝပ်လေး ဖြစ်နေတယ်

သူမရဲ့ လတစ်လရဲ့ အဲ့လို အချိန်ကတော့ အဆိုးရွားဆုံး ကာလပင်

သူမ ဒီနှစ်တွေထဲမှာ ဆင်းဆင်းရဲရဲ နေခဲ့ရပြီး အာဟာရဓာတ်နည်းပါးတဲ့ ရိုးရှင်းတဲ့ အစားအစာကိုသာ စားခဲ့ရတယ်

သူမ အသက် 13,14 လောက်ကတည်းက အလုပ်စလုပ်ခဲ့ရတယ် လူတွေက ကလေးအလုပ်သမားတွေ မလိုချင်တာကြောင့် မီးဖိုချောင်အနောက်မှာ ပန်းကန်တွေသာ ဆေးခဲ့ရတယ်

ဘယ်နေရာမှ သူမကို အလုပ်မခန့်ချင်ဘူး ‌ဆိုင်ငယ်လေးတွေမှာတောင် ရေနွေးရဖို့ ငွေပေးဝယ်ခဲ့ရတယ်

ဆောင်းရာသီမှာ နှင်းမကျပေမယ့်လည်း ရေတွေကတော့ အေးမြဲအေးဆဲ

သူမရဲ့ ကျန်းမာရေး ချို့ယွင်းမှုကြောင့် အထက်တန်းရောက်မှ ပထမဆုံး ဓမ္မတာ လာခဲ့တယ် အဲ့အချိန်ကစပြီး သူမရဲ့ ဓမ္မတာ စက်ဝန်းက မူမမှန် ဖြစ်ခဲ့တယ် လအနည်းငယ်နေမှ တစ်ခါ ဓမ္မတာလာပြီး လာတိုင်းလည်း တော်တော်ဆိုးရွားတယ်

သူမ ပြန်လည်မွေးဖွားလာတာမှ ရက်ပိုင်းဘဲ ရှိသေးတာ ဒါတွေကို သူမ ဘယ်လိုလုပ်မှတ်မိမှာလဲ?

လာပါပြီ သူမ သတိလွတ်တာကို စောင့်ဖမ်းနေတယ်

သူမ ဆေးပညာမှာ ဘယ်လောက်တော်တော် ဒီလို ဆိုးရွားမှုမှာတော့ လက်မြောက် အရှုံးပေးရတာပါဘဲ

"ဘာဖြစ်တာလဲ?"

ချောင်ရန်ကျွယ် ရှရှီပေ ထွက်သွားပြီးနောက် အောက်သို့ ထိုင်ချတာကို ကြည့်လိုက်တယ် သူ စပ်စုပြီး သူမနား လျှောက်သွားလိုက်တယ်

သူ သူမရဲ့ မျက်နှာကို သေချာကြည့်မိလိုက်တော့
သူ လန့်သွားတယ်

သူမရဲ့ မျက်နှာက ဖျော့တော့နေတယ် သူမရဲ့ နှုတ်ခမ်း အရောင်တွေတောင် ဖြူဖျော့နေတယ်

ရှရှီပေ အံကြိတ်လိုက်တယ် သူမမှာ သူ့ကို ပြန်ဖြေဖို့ အင်အားတောင် မရှိတော့ဘူး

"ဟော်ကျီကျွင်း!"

ချောင်ရန်ကျွယ် အော်လိုက်တယ် "ဒီကို မြန်မြန်လာ!"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now