ဘယ်အချိန်ပြန်ပေးမှာလဲ

4K 509 1
                                    

Unicode

"ဘာကိစ္စလဲ" ရှရှီပေ အပြင် ထွက်လိုက်တယ်

ယန်ရွှမ် ရှရှီပေကို မြင်တဲ့ အချိန်မှာ ကြောင်သွားတယ် သူ့မျက်လုံးမှာ အံ့အားသင့်မှုတွေနဲ့ ပြည့်နှက်နေတယ်

သူ ရှရှီပေ ကြည့်ကောင်းတာကိုသိတယ် အဲ့လိုမှ မဟုတ်ရင် သူ့ရည်းစားအနေနဲ့ ရွေးမှာမဟုတ်ဘူး

သနားစရာ‌ေကာင်းတာက သူမက သူ့ကို အရှက်ရစေတဲ့ အဝတ်ဟောင်းတွေဘဲ ဝတ်တတ်တယ် ဒါ့အပြင် တစ်ချို့ အကြောင်းပြချက်တွေကြောင့် သူ သူမကို အပြင် တစ်ခါမှ မခေါ်ဖူးဘူး

သူမက လမ်းခွဲချင်နေတာကြောင့်သာ မဟုတ်ရင် သူ ဒီကို ရောက်လာမှာ မဟုတ်ဘူး

မမျှော်လင့်ဘဲ သူမ က ဒီနေ့ လုံးဝ ခြားနားတဲ့ ပုံစံနဲ့ ပြလာတယ်

"ငါ ..."

ယန်ရွှမ် ပြီးအောင် ပြောလို့ မပြီးခင်မှာဘဲ ရှရှီပေက စကားဖြတ်ပြောလိုက်တယ်

" ကျွန်မတို့ ဟိုဘက်သွားပြောရအောင်"

သူမ ပြောပြီးတာနဲ့  ရှေ့ဆောင်ပြီး သူ့ ရှေ့က ဖြတ်လျှောက်သွားတယ်

ဒါက ယန်ရွှမ်ကို မျက်နှာ ပျက်စေတယ်

သူက သူမ အပေါ် အရမ်းကောင်းပြနေလို့လား?  သူမက မိုးလောက်ထိ စိတ်ကြီးဝင်နေပြီ

ဘာဘဲ ဖြစ်ဖြစ် သူ သူမ‌ေနာက်ကို အမှီလိုက်သွားတယ်

လူထုက သူတို့ရဲ့ နောက်ကျောပြင်ကို အံအားသင့်မှုများစွာနဲ့ ကြည့်နေကြတယ် သူတို့မှာ အတင်းမပြောဘဲ မနေနိုင်ကြဘူး ရှရှီပေနဲ့ ယန်ရွှမ်က ဘယ်လို ပတ်သက်‌ေနတာလဲ? သူတို့အရင်က သတိမထားမိဘူး!

ယန်ရွှမ် ရှရှီပေသွားရာ ဝေးလံ တိတ်ဆိတ်တဲ့ချောင်ကို လိုက်သွားတယ်

အဲ့နေရာက cctv မမြင်ရတဲ့နေရာ ပြီးတော့ ကျောင်းသားတစ်ချို့က သူတို့ပြဿနာကို ဒီနေရာမှာ လာရှင်းကြတာများတယ်

"ရှရှီပေ အဲ့နေရာမှာ ရပ်လိုက်စမ်း!"

ယန်ရွှမ် ဒေါသ ထွက်နေတယ် သူ ခြေလှမ်းကျဲကျဲ လျှောက်ပြီး ရှရှီပေရဲ့ ပုခုံးကို ဆွဲလိုက်တယ်

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now