သူ ပြန်မပေးဘူး

3.4K 458 0
                                    

Unicode

"ရှရှီပေ သမီး ဒီနေ့မနက်က ယန်ရွှမ်နဲ့ တွေ့လား?" ဆရာလျိုက ရှရီပေကို ညင်သာစွာကြည့်ပြီး မေးလိုက်တယ်

"ဟုတ် သမီးတို့ တွေ့တယ်" ရှရှီပေ ခေါင်းငြိမ့်လိုက်တယ်

"ငါသိနေတယ်..."

ယန်ရွှမ့်အမေက သူမယောက်ျားရဲ့ အကြည့်ကြောင့် ဆက်မပြောခင် ပါးစပ် ပိတ်လိုက်ရတယ် သူမ ဆက်ပြီး ဒီလို ဝုန်းဒိုင်းကြဲနေမယ်ဆိုရင် ပြဿနာက ဖြေရှင်းလို့ရမှာတောင် မဟုတ်တော့ဘူး

"သမီးတို့ ဘာလို တွေ့တာလဲ?"

"ဘာလို့လဲ ဆိုတော့ သမီး သူ့ကို သမီးပိုက်ဆံ ပြန်တောင်းချင်လို့" ရှရှီပေ အပြစ်ရှိသလို မခံစားရဘဲ ရဲရင့်ပြီး တိုက်ရိုက် ဖြေချလိုက်တယ်

"သမီးပိုက်ဆံကို ပြန်ပေးရမယ် သူက သမီး ပိုက်ဆံကို ချေးခဲ့တာလား?"

"ဟုတ် သူ သမီးပိုက်ဆံ အများကြီး ချေးခဲ့တာ" ရှရှီပေ မေးခွန်းမေးလာတော့ ပြန်ပြောလိုက်တယ် "အဲ့ပိုက်ဆံက သမီး ပိုက်ဆံ အကုန်လုံးဘဲ သမီး အခု အသုံးလို‌ေနတယ် အဲ့ဒါကြောင့် သမီး သူ့ကို ပြန်ပေးဖို့ တောင်းနေတာ ဒါပေမယ့် သူက ငြင်းနေတယ်"

"ဒါဆို သမီးတို့ ပဋိပက္ခ ရှိတာပေါ့?"

"သမီးတို့ ရန်ဖြစ်ကြတယ် ဒါပေမယ့် သမီး သူ့ကို မရိုက်ဘူး အတန်းစတော့ သမီး အတန်းထဲ ပြန်သွားခဲ့တာ"

"မင်း ညာနေတာ " ယန်ရွှမ် တုန်လှုပ်နေတယ် " မင်းတကယ် ငါ့ကို ရိုက်ခဲ့တာ!"

ရှရှီပေရဲ့ မျက်နှာက နားမလည်သည့်ပုံဖြစ်နေတယ်"ယန်ရွှမ် နင်ပြောနေတဲ့ ငါ နင့်ကို ရိုက်တယ်ဆိုတာ ငါ မသိဘူး နင့်မှာ သက်သေ ရှိလား?"

"ဒါကသက်သေဘဲ!" ယန်ရွှမ် သူ့မျက်နှာပေါ်က အမာရွတ်တွေကို ညွှန်ပြပြီး ဒေါကန်နေတယ် "ငါ့ နောက်ကျောမှာတောင် ဒဏ်ရာတွေ ရှိသေးတယ်!"

ရျရှီပေ သူ့ကို ကြည့်လိုက်ပြီး ပြန်ပြီး ရန်တွေ့လိုက်တယ် "နင်က ငါ့ကို ပြန်မပေးချင်လို့ အကြောင်းပြချက်ရှာနေတာ!" သူမ ဆရာနှစ်ယောက်ကို မော့ကြည့်ပြီး ရှင်းပြလိုက်တယ်
"သမီး သူ့ကို ဒီနေ့ ပြန်ပေးခိုင်းတာ။သူက မပေးချင်ဘူး သမီး စိတ်တိုသွားပြီး ဆရာတွေကို တိုင်ပြောမယ်ပြောလိုက်တာ ဒါပေမယ့် သူက သမီးကို ခြိမ်းခြောက်တယ် သူ သမီးကို ပြန်မပေးဘဲနဲ့ သမီး တစ်သက်မမေ့နိုင်တဲ့ သင်ခန်းစာပေးမယ်ဆိုပြီး သမီး ပိုက်ဆံ ပြန်မရတဲ့အပြင် အရှက်ပါခွဲခံရသေးတယ် သမီး သူတကယ်လုပ် မယ်လို့ မထင်ထားဘူး သမီး ဘယ်တုန်းကမှ မျှော်လင့်မထားဘူး...."

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now